မေမေ

ကိုးလလွယ်လို့ ၊ တစ်ဆယ်လဖွား

သန္ဓေတည်ထား ၊ ရင်သွေးသားတွက်

ခါးချဉ်ချိုစပ် ၊ ရှောင်ကဖက်၍

နေစားဆင်းရဲ ၊ ပင်ပန်းခဲ့လည်း

ပြုံးပြုံးလေးနဲ့ နေခဲ့သူ...။


မေမေ

ရက်လချိန်ပြည့် ၊ ဖွားမည့်နေ့မှာ

ဝမ်းတွင်းခိုနား ၊ ရင်သွေးသားတွက်

သေမင်းစစ်ခင်း ၊ အသက်ရင်း၍

ဒုက္ခဆင်းရဲ ၊ ကြုံတွေ့ခဲ့လည်း

မညည်းငြူပဲ ၊ နေခဲ့သူ...။



မေမေ

ကျောင်းနေရွယ်ရောက် ၊ စာတတ်မြောက်ဖို့

ချစ်ကြိုးသီထား ၊ သည်ချစ်သားတွက်

နေ့ညမနား ၊လုပ်ကြိုးစားကာ

ပင်ပန်းဆင်းရဲ ၊ မောပန်းခဲ့လည်း

သားချစ်စိတ်နဲ့ ပျော်ခဲ့သူ...။


မေမေ

ခက်ခဲ ကျော်ဖြတ် ၊ ပညာတတ်၍

ရင်နှင့်မခြား ၊ သည်ချစ်သားက

ချစ်ခင်စုံမက် ၊ ကြင်ယာဖက်နဲ့

လက်ထပ်ထိမ်းမြား ၊ ပေါင်းဖက်သွားလည်း

ကြင်နာပိုလျှက် နေခဲ့သူ...။


မေမေ

ဝေးကွာခဲ့ရ ၊ တမြေခြားမှ

နေ့စဉ်အလား ၊ သည်ချစ်သားကို

ကြောင့်ကြစိတ်ပို ၊ လွမ်းလို့ငိုကာ

လမ်းကြုံလူများ ၊ စာလွှားပါးရင်း

တမြေ့မြေ့နဲ့ မျှော်နေသူ....။


မေမေ

ဘုန်းကြီးသက်ရှည် ၊ မွေးမေမေကို

ဝေးတမြေခြား ၊ မေ့ချစ်သားက

လက်ဆယ်ဖြာမိုး ၊ ဦးထိပ်ခိုး၍

နေစဉ်တမ်းတ ၊ ကန်တော့လျှက်သာ

မွေးမေမေသို့ သိပါစေ...။

အလွမ်းနေ့တွေ လွန်ပါစေ...။

သက်တော်ရာကျော် ရှည်ပါစေ..။



                             မေမေ့ရဲ့ ချစ်လှစွာသော သားကြီး

                                                                 ငဖြိုး

PS :::(လူတိုင်းက ချစ်သူများနေ့ ၊ ချစ်သူမွေးနေ့ဆိုရင် တရေးနိုးထမေးတောင်

သိကြတယ်..။

ဘယ်လိုချိန်မှ သွားမေးမေး  မေ့ကြမှာကို မဟုတ်ပါဘူး...။ ရိုးရိုးသားသားဝန်ခံရရင် ကျနော်

 ကိုယ်တိုင်လဲ အမေ များနေ့ဆိုတာကို ခုမှ သတိရမိတာပါ...။သယ်ရင်းတို့ထဲမှာလဲ

ကျနော်လို မေ့ကောင်းမေ့နေတဲ့ သူတွေရှိနိုင်ပါတယ်...ဒါ့ကြောင့် ကျနော် တို့ အမေ

များနေ့ကို ဒီကဗျာလေးနဲ့ ကန်တော့လိုက်ကြအောင်နော်....။)


ကြည်သူဦးရေ: 1419

ပြန်လည်ပြောဆိုဆွေးနွေးမယ်

ထိုဖိုရမ်တွင်းစာပေတွင်ဝေဖန်ပြောဆိုချက်များ★★★★★(သင့်ကော်မန့်တခုက ရေးသားသူအတွက် အားဆေးတခွက်ပါ)

အကို့ရဲ့ကဗျာလေး ကိုဖတ်ရတော့ မွေးရပ်မြေက အမေ့ကိုလွမ်းလို့ မျကိရည်တောင်လည်မိတယ်ဗျာ အရမ်းကောင်းပါတယ်

မေမေ

ဘုန်းကြီးသက်ရှည် ၊ မွေးမေမေကို

ဝေးတမြေခြား ၊ မေ့ချစ်သားက

လက်ဆယ်ဖြာမိုး ၊ ဦးထိပ်ခိုး၍

နေစဉ်တမ်းတ ၊ ကန်တော့လျှက်သာ

မွေးမေမေသို့ သိပါစေ...။

အလွမ်းနေ့တွေ လွန်ပါစေ...။

သက်တော်ရာကျော် ရှည်ပါစေ..။

မေမေ

ခက်ခဲ ကျော်ဖြတ် ၊ ပညာတတ်၍

ရင်နှင့်မခြား ၊ သည်ချစ်သားက

ချစ်ခင်စုံမက် ၊ ကြင်ယာဖက်နဲ့

လက်ထပ်ထိမ်းမြား ၊ ပေါင်းဖက်သွားလည်း

ကြင်နာပိုလျှက် နေခဲ့သူ...။

အစ်ကိုဖြိုးရေ

ကဗျာလေးဖတ်သွားပါတယ်နော်

အရမ်းကောင်းတဲ့အစီအစဉ်နော်။

RSS

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

My title page contents