ဝါတွင်းကာလ လွန်မြောက် တာနဲ့ မင်္ဂလာဆောင် လက်ထပ် ထိမ်းမြားခြင်း ပြုလုပ်မယ့် သူတွေ အတွက် စီစဉ်စရာ အများအပြား ရှိတဲ့ အထဲက ကိုယ့်ရဲ့ဆွေမျိုး မိတ်ဆွေ အသိုင်းအဝိုင်းကိုအသိပေး ဖိတ်ကြားတဲ့ မင်္ဂလာဖိတ်စာလေး ဟာလည်း အရေးပါတဲ့ အရာလေး တစ်ခုပါ။

တချို့က ကိုယ့်ရဲ့ မင်္ဂလာ ဖိတ်စာကို ရိုးရှင်းတဲ့ ပုံစံ ပြုလုပ်တတ်ကြပေမယ့် အများစု ကတော့ တစ်သက်မှာ တစ်မင်္ဂလာ လို့ဆိုတဲ့ ဒီပွဲလေးမှာ အများနဲ့မတူ ထူးခြားတဲ့ စိတ်ကူး လေးတွေနဲ့ပြု လုပ်ချင်ကြပါတယ်။ ဖိတ်စာပေါ်မှာ ငွေမှုန်၊ ရွှေမှုန် ကပ်တာ၊ အလှပန်းဖော်တာ စတာတွေအပြင် မင်္ဂလာဆောင် ဖိတ်စာလေးပေါ်မှာ သတို့သား သတို့သမီး ဓာတ်ပုံလေးတွေ ရိုက်နှိပ်ထားတဲ့ ဖိတ်စာလေးတွေ စသလို အများအပြားရှိတဲ့ အထဲက အခုပြောပြချင်တာကတော့ မင်္ဂလာဆောင် ဖိတ်စာ၊ စေ့စပ်ပွဲဖိတ်စာ၊ ကုမ္ပဏီဖိတ်စာ စတာတွေကို စိတ်တိုင်းကျ Handmade ပြုလုပ် ပေးနေတယ်ဆိုတဲ့ ဆိုင်လေးပါ။

အဲဒါကြောင့်မို့ တွေ့ဖူး မြင်ဖူးနေကျ မဟုတ်ဘဲ အများနဲ့မတူ တစ်မူထူးတဲ့ ဖိတ်စာမျိုး လုပ်ချင်သူတွေအတွက် အထူးညွှန်ပေးရခြင်းပါ။ Handmade ဒီဇိုင်းပေါင်း ၂၀ ကျော်ရှိတဲ့အထဲက ကိုယ့်စိတ်ကြိုက် ရွေးချယ် နိုင်သလို တခြား မိမိ စိတ်ကူးထဲမှာ ရှိတဲ့ ဒီဇိုင်းဆန်း လေးတွေကိုလည်း ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး စိတ်ကြိုက် ပုံဖော် နိုင်ပါသေး တယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်လောက်အထိ ရှိပါတယ်။

Handmade ဖိတ်စာလေးတွေ အပြင် ကိုရီးယား စတိုင် ဖိတ်စာလေးတွေကိုပါ ရနိုင်ပြီး မင်္ဂလာပွဲမှာ အလှဆင်မယ့် ပန်းအလှဆင် ဝန်ဆောင်မှုလည်း ရှိတာမို့ မင်္ဂလာဆောင် ဖိတ်စာတင် မကဘဲ ပန်းအလှ ဆင်ယင်ဖို့ပါ တစ်ပါတည်း အဆင်ပြေနိုင်မှာပါ။ စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင် Lucky Prize အမှတ် ၅၀၊ ၃- A၊ ဇလွန်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် ဖုန်း- ၀၉-၄၉၂၃၅၃၄၉၊ ၀၉-၇၃၁၄၅၂၃၃ မှာ စုံစမ်းနိုင်ပါတယ်။

အမျိုးအစား: ပြည်တွင်းသတင်း

ကြည်သူဦးရေ: 3677

ပြန်လည်ပြောဆိုဆွေးနွေးမယ်

ထိုဖိုရမ်တွင်းစာပေတွင်ဝေဖန်ပြောဆိုချက်များ★★★★★(သင့်ကော်မန့်တခုက ရေးသားသူအတွက် အားဆေးတခွက်ပါ)

သြော် ကြေညာနဲ့လာတိုးနေသေးတယ်....ဟုတ် အနော်မင်္ဂလာဆောင်လာခဲ့မယ်...။

RSS

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

My title page contents