ပန်းမြိုင်လယ်မှာ ဘဝအတွေး

မှားယွင်းခြင်းပြင် အသွေးအသား

ဈေးကစားပြီး အသပြာမက်

အသိတရား ရှိသောငြားလည်း

လိုအပ်ချက်ကို လိုချင်မှုက

မကောင်းအတ္တ အသုံးချကာ

လူတကာကြား ပျုဌာစကားဖြင့်

အသုံးတော်ခံ ညမင်းသမီးလေး

လူသူတရုန်းရုန်း သူပျော်မြူးလည်း

ယိုသူမရှက် မြင်သူရှက်မို့

ကန်လန်ကာချ ဇာတ်သိမ်းသင့်ပြီ

အမှောင်တောထဲ ဆင်ကန်းတိုးလို့

ဆက်လျှောက်နေလို့ ဘာထူးမလဲ

နှလုံးသားသိ နိုးထပြီးတော့

အသုံးတော်ခံ ကိုကိုမောင်များ

ဈေးမကစားနဲ့ ညမင်းသမီးလေး

ပန်းလေးပမာ တင်စားခံရ

မိန်းမသားဘဝ

အကြွေလွယ်ပြီး အနွမ်းချွေမှာ

နှလုံးသားကြား ဒဏ်ရာပြင်းပြင်း

အသက်ရယ်ချွေ ဇာတ်သိမ်းရလို့

အရှက်နဲ့ငွေ အလဲထပ်ပြီး

ပျောက်သောလမ်းမှာ စမ်းတဝါးဝါး

မလျှောက်စမ်းနဲ့ ညမင်းသမီးရေ

အလင်းတန်းလေး မြင်ကြည့်စမ်းပါ

ရေကြည်တစ်ပေါက် သောက်ကြည့်စမ်းပါ

သူတကာပျော် သဘာဝကြား

လွတ်လွတ်လပ်လပ် ပျော်မြူးရအောင်

ညမင်းသမီးလေး ငါတို့နဲ့တူ

လက်တွဲချီတတ် အနာဂတ်တွက်

အာရုဏ်ဦးအလှ ကြိုလိုက်ရအောင်။

အမျိုးအစား: ကိုယ်ပိုင်ရေသားသီကုံးသည်။

ကြည်သူဦးရေ: 12502

ပြန်လည်ပြောဆိုဆွေးနွေးမယ်

ထိုဖိုရမ်တွင်းစာပေတွင်ဝေဖန်ပြောဆိုချက်များ★★★★★(သင့်ကော်မန့်တခုက ရေးသားသူအတွက် အားဆေးတခွက်ပါ)

ငါတို့လည်းကူညီမယ် ကောင်းလိုက်တဲ့ကဗျာ အားပေးနေတယ်နော် ။

ကောင်းလိုက်တဲ့ ကဗျာလေးပါအားပေးသွားပါတယ်

ညမင်းသမီးလေး ငါတို့နဲ့တူ

လက်တွဲချီတတ် အနာဂတ်တွက်

အာရုဏ်ဦးအလှ ကြိုလိုက်ရအောင်။

ထပ်တူဆန္ဒပါပဲ

ကျေးဇူးတင်ပါတယ်
တော်တော်လန်းနေတာအားကြဘာဘိသယ်ရင်းရာ

ဂွတ်တယ် ဗျို့ ...

အားပေးသွားပါတယ် ..

မိန်းမသားဘဝ

အကြွေလွယ်ပြီး အနွမ်းချွေမှာ

နှလုံးသားကြား ဒဏ်ရာပြင်းပြင်း

အသက်ရယ်ချွေ ဇာတ်သိမ်းရလို့

အရှက်နဲ့ငွေ အလဲထပ်ပြီး

ပျောက်သောလမ်းမှာ စမ်းတဝါးဝါး

မလျှောက်စမ်းနဲ့ ညမင်းသမီးရေ

အလင်းတန်းလေး မြင်ကြည့်စမ်းပါ

ရေကြည်တစ်ပေါက် သောက်ကြည့်စမ်းပါ

သူတကာပျော် သဘာဝကြား

လွတ်လွတ်လပ်လပ် ပျော်မြူးရအောင်

ညမင်းသမီးလေး ငါတို့နဲ့တူ

လက်တွဲချီတတ် အနာဂတ်တွက်

အာရုဏ်ဦးအလှ ကြိုလိုက်ရအောင်။

ဘာပဲ ပြောပြော စိတ်မကောင်းစရာပါ
ခံစား မိပါတယ်
kokoaung827
ကြိုက်တယ်ဗျာ
ကဗျာတွေကသိပ့်ကောင်းပါတယ်

သူတကာပျော် သဘာဝကြား

လွတ်လွတ်လပ်လပ် ပျော်မြူးရအောင်

ညမင်းသမီးလေး ငါတို့နဲ့တူ

လက်တွဲချီတတ် အနာဂတ်တွက်

အာရုဏ်ဦးအလှ ကြိုလိုက်ရအောင်။

ကဗျာတွေအားလုးံကအလန်းတွေကြီးပဲ

RSS

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

My title page contents