မကြာခင်က ကျနော် " မြေဇာပင်ဖြစ်ခဲ့ရတဲ့ ဒိုင်းခင်ခင် " ဆိုပီး post လေးတစ်ပုဒ်တင်ခဲ့ပါတယ်။
စိတ်ဝင်စားကြတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဇာတ်လမ်းနဲ့တနည်းတဖုံပတ်သက်နေတဲ့
စာဆိုတော် " စာဆိုတော်မောင်ဖေငယ်" အကြောင်း နောက်ဆက်တွဲ တင်ပေးလိုက်ပါတယ်။

သီပေါမင်းနဲ့ ချစ်ကြိုက်ခဲ့မိလို့ စုဖုရားလတ်လက်ချက်နဲ့ အသက်ဆုံးပါးခဲ့ရတဲ့ ဒိုင်းခင်ခင်နဲ့
 မောင်ဖေငယ်ဟာ ငယ်စဉ်ကထဲက အတူနေခဲ့ကြသူတွေပါ။ဒိုင်းဝန်မင်ကြီးနဲ့ ဒိုင်းဝန်ကတော်ကြီးတို့မှာ
 သားသမီးတစ်ယောက်မှမထွန်းကားခဲ့ကြပါ၊
ဒိုင်းခင်ခင် ကလဲ ၀န်ကတော်ကြီးရဲ့ မောင်ကမွေးတဲ့တူမကိုမွေးစားထားတယ်လို့သိရပါတယ်။
အင်မတန်လှပါသတဲ့ သူမရဲ့မျက်လုံးလေးတွေဟာ သပိတ်လွယ်ငှက်မျက်လုံးလေးတွေလိုပါပဲတဲ့။

မောင်ဖေငယ် ကိုလဲ ဒိုင်းဝန်မင်းကြီးလင်မယားကပဲ  ငယ်စဉ်ထဲကမွေးစားခဲ့တာပါ။ သားရင်းအဖြစ်အပြီးအပိုင်
မွေးခဲ့တာပါ။ ဒါကြောင့် ဒိုင်းခင်ခင်နဲ့ မောင်ဖေငယ်တို့ဟာ ငယ်စဉ်က အတူနေ အတူကစား အတူစားပေါ့။
မောင်ဖေငယ်က အသက်ပိုကြီးပါတယ်။

ဒိုင်းခင်ခင်လေး အပျိုဖေါ်ဝင် ဂေါ်ရီ အရွယ်ရောက်တော့ အလှသွေးတွေကြွယ်လာပါတယ်၊
 မောင်ဖေငယ်ကလဲသီပေါမင်းရဲ့ စာဆိုတော်ဖြစ်လာပါတယ်၊ သီချင်းတွေစပ် ခင်ခင်လေးကဆိုနဲ့
သံယောဇဉ်တွေပိုခဲ့ကြ၊အားလပ်တဲ့ ညနေခင်းလေးတွေမှာ တောင်သမန်းအင်းပြင်ကျယ်ကြီးတလျောက် 
အတူတူလမ်းလျှောက်ခဲ့ကြ၊ခင်ခင်လေး ရေချိုးရေကူးခြင်လဲ မောင်ဖေငယ်က သီးခံစောင့်ပေးရ၊
ခင်ခင်လေးရဲ့ ဆိုးသမျှ နွဲ့သမျှ ကိုသီခံခဲ့ရပေါ့၊

မောင်ဖေငယ် ခင်လေးအပေါ်အချစ်စိတ်တွေဝင်ခဲ့ပါတယ်၊
ဒါပေမဲ့ ငယ်စဉ်ထဲက မောင်နှမလိုနေခဲ့ကြရတဲ့စည်းဆိုတာကိုစောင့်ခဲ့ရပါတယ်၊
မိဘတွေရဲ့ကျေးဇူးတရားကိုလဲငဲ့ညာခဲ့ရပါသေးတယ်။  
ခင်လေးလဲမောင်ဖေငယ်အပေါ်စိတ်ကစားခဲ့တာပါပဲ။
သူတို့နှစ်ဦးဟာ ဖွင့်ဟနိုင်ခြင်းမရှိရှာတဲ့ ရင်ထဲမှာ ထာဝစဉ်သိမ်းစည်းထားရတဲ့
အချစ်တွေကို ရင်မှာပိုက်ထားရသူတွေပါ။

မောင်ဖေငယ်နဲ့ သီပေါမင်းရဲ့လက်စွဲတော် နန်းတွင်းမှာ သြဇာကြီးနေတဲ့
ရနောင်မြို့စားမောင်မောင်တုတ်တို့က ရင်းနှီးသူတွေဖြစ်ကြပါတယ်။
မောင်တုတ်က လက်ရုံးရည်သမား မောင်ဖေငယ်က အနုပညာသမားပါ။

သီပေါနဲ့ဒိုင်းခင်ခင်တွေ့ပုံလေးက..
သီပေါမင်း သီရီပဝေသနဘိသိက်ခံစဉ် ခင်ခင်လေးက ဘိသိက်ပန်းဆက်ခဲ့ရပါတယ်၊
နောင် စုဖုရားလတ်သားဦးမွေးတော့ ကလေးထိမ်းအပျိုတော်ရွေးတဲ့ခါ
ခင်ခင်လေးပါလာပါတယ်၊ အဲဒီမှာ သီပေါက ခင်လေးကိုသဘောကျခဲ့တာပါ။
ရနောင်မောင်တုတ်က ဒါကိုသိပါတယ်။
ဘုရင်ဖြစ်ရဲ့ တစ်လင်တစ်မယားဘ၀နေရရှာတဲ့ သီပေါမင်းက မယားတွေတစ်လှေကြီးနဲ့နေတဲ့
မောင်တုတ်ကို လဲအားကျနေပါတယ်၊

နောင်အခါ သားဦးလေး ကျောက်ပေါက် ဆုံးပါးလို့ပူဆွေးနေရတဲ့ စုဖုရားလတ်အလုပ်များနေချိန်မှာ
မောင်တုတ်က သီပေါမင်းနဲ့ ဒိုင်းခင်ခင်ကို နီးစပ်စေခဲ့တယ်၊
မောင်ဖေငယ်ဟာသခင်အတွက် နဲ့ သူထက်များစွာဓါးထက်တဲ့ မောင်တုတ်ကို မလွန်ဆန်ဝန့်လို့
ဒိုင်းခင်ခင်ကို လက်လွတ်ခဲ့ရတာပါ။

ရင်နာစရာကေါင်းတာက မောင်တုတ်နဲ့အတူ သူပါအလိုတူ အလိုပါသဘောဖြစ်ခဲ့ရတာပါ။
ဒိုင်းခင်ခင်ကလဲ အဲဒီလိုထင်ရင်ထင်ခဲ့မှာပါ။
ကိုယ်ကအသဲပေါက်မတတ်ချစ်ရသူတစ်ဦး၊ ငယ်စဉ်ထဲက အရိပ်တကြည့်ကြည့်ချစ်ခဲ့ရသူကိုမှ
ကိုယ်သခင်ရင်ခွင်ကိုအပ်လိုက်ရတဲ့အဖြစ်ပါ။

စာဖတ်သူဆိုရင်ရော...ဘယ်လိုနေမှာလဲ..
ဒါလေးက..တောင်သမန်လယ်စား မောင်ဖေငယ်နဲ့ချစ်ရတဲ့ ညီမလေး ဒိုင်းခင်ခင်တို့ရဲ့ဘ၀တစ်စိပ်တစ်ပိုင်းပါ....

( အောင်ထက် )






ကြည်သူဦးရေ: 378

အမျိုးအစား: ရာဇဝင်အချစ်

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

2:38pmမှာစက်တင်ဘာလ 22, 2013 တွင် တိမ်ပန်းချီ မှရေးခဲ့သောမှတ်ချက်

တစ်ခါထဲပါ. . .

10:25amမှာမတ်လ 23, 2013 တွင် လွမ်းသစ္စာ မှရေးခဲ့သောမှတ်ချက်

ဖတ်သွားတယ် အစ်ကို

အ၇ှုပ်တော်ပုံက အလုပ်တော်ပုံဆိုတော့ သိတော့ဘူးနော်

10:21amမှာမတ်လ 23, 2013 တွင် ကိုကိုကြီး မှရေးခဲ့သောမှတ်ချက်

ကိုယ်သခင် ရင်ခွင်ကို အပ်လိုက်ရတဲ့ အဖြစ်က

သနားဖို.  ကောင်းပါတယ်

7:18pmမှာစက်တင်ဘာလ 15, 2011 တွင် ကို (အင်္ဂပူ ) မှရေးခဲ့သောမှတ်ချက်
ခုတုတုရင်နာနာပေါ့ဆရာရယ်
1:02pmမှာဒီဇင်ဘာလ 29, 2010 တွင် ဖြိုးပု မှရေးခဲ့သောမှတ်ချက်
သေချာဖတ်သွားတယ် ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။
10:02pmမှာဒီဇင်ဘာလ 25, 2010 တွင် kyiwin မှရေးခဲ့သောမှတ်ချက်

\

 အဲဒီအကုသိုလ်တွေ
်ကြောင့်သူတို့မျိုးဆက်တွေဖာဖြစ်ကုန်တာပေါ့

11:18amမှာဒီဇင်ဘာလ 25, 2010 တွင် ကောင်လေး မှရေးခဲ့သောမှတ်ချက်

တုတ်ကြီးတို့ကတော့..ခံရတာများလာတော့လဲဘာမှမဟုတ်တော့ပါဘူးဗျာ..ပြီးတော့လဲပြီးသွားတာပါပဲ

 

3:17pmမှာဒီဇင်ဘာလ 24, 2010 တွင် goldenprince မှရေးခဲ့သောမှတ်ချက်
သီပေါရယ်စုဖုရားလတ်ရယ် မကောင်းတာပါ။
1:24pmမှာဒီဇင်ဘာလ 24, 2010 တွင် soe soesan မှရေးခဲ့သောမှတ်ချက်
သနားဖို့ကောင်းပါတယ် ။ချစ်တဲ့သူတိုင်းဆုံဆည်းခွင့်ရပါစေ။
12:51pmမှာဒီဇင်ဘာလ 24, 2010 တွင် Aung Htet မှရေးခဲ့သောမှတ်ချက်

ဒိုင်းခင်ခင်က သီပေါမင်းကိုကြိုက်မကြိုက် သမိုင်းမှာတော့မတွေ့ရပါ၊

ဒါပေမင့်...  အပျိုတော်တစ်ယောက်တွက်..အဆောင်ရမိဖုရားလောက်ရမယ်ဆိုရင်တောင်

မောင်ဖေငယ်အချစ်ကို လက်လွှတ်မယ်ထင်တယ်၊

နောက် ဘုရင်တစ်ပါးရဲ့ ဆန္ဒ ကိုရော ငြင်းဆန်ရဲမှာလား။

(အောင်ထက်...post တင်သူ)

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service