ကျနော်..အောင်ထက်..ကုန်းဘောင်နန်းတွင်းရေးတွေအကြောင်းကိုတင်လာတာ

ဒါပါနဲ့ဆို post ငါးခုမြောက်ပါ။ ခုတော့ အာဏာနဲ့ပတ်သက်ပီး သံဝေဂရစရာ..

ရနောင်မောင်မောင်တုတ်..အကြောင်းဆက်တင်ပါရစေ။ကျနော် ပေးခြင်တဲ့

message ကအာဏာ ဆိုတာ မီးနဲ့တူတယ်ဆိုတာပါပဲ။

 

မောင်မောင်တုတ်ရဲ့ ဖခင်ဟာ မင်းတုန်းမင်းကြီးရဲ့ကျေးကျွန်ရင်းပါ၊အမှုတော်

ထမ်းရင်းကျဆုံးခဲ့ရသူပါ။မင်းတုန်းမင်းကြီးနန်းရတော့ မောင်တုတ်ကို လက်သုံးတော်ကိုင်

ကလေး ကလေးရာထူးပေးခဲ့ပါတယ်။ သူဟာ ရဲစွမ်းသတ္တိရှိတယ်၊ဇရှိတယ်၊ ဒါကြောင့် သူကို

ကင်းဝန်မင်းကြီး၊ တိုင်းတာမင်းကြီး၊ ယောမင်းကြီးတို့ကစ သဘောကျခဲ့ကြပါတယ်။

ခေတ်စကားနဲ့ပြောရရင် နေတတ်သူတစ်ဦးဖြစ်ပါတယ်။ သီပေါနဲ့လဲ ဆရာမတ် ကျောင်းမှာ

ကျောင်းနေဖက်ပါ။သီပေါထက် အသက်ကြီးပါတယ်။

 

မောင်တုတ်က..အသားညိုညို..ကျောက်ပေါက်မာသက်သက်..နုတ်ခမ်းမွေးကျင်စွယ်ထားပါ

တယ်။ရှေးခေတ်က နုတ်ခမ်းမွေးကျင်စွယ် ယဉ်တယ်လို့ ဆိုမလား လို့တောင်ပြောကြပါတယ်။

လူပုံချောချောပါ။ မိန်းမတွေကကို မောင်တုတ် ကိုလိုက်ကြိုက်ကြတာပါ။ ဆင်ခိုးမလေးဆိုတဲ့

ဇာတ်မင်းသမီး ကိုဆင်နဲ့တင်ခိုးခဲ့တာပါ။ အနေထိုင်လဲသေသပ်ပါတယ်။

 

သီပေါ နန်းရဖို့အရေး အတွင်းလူတွေတိုင်ပင်ကြတော့ မောင်တုတ်လဲပါခဲ့တာပါ။ ထောင်ထဲကနေ

သီပေါကိုပခုံးနဲ့ထမ်းထုတ်ခဲ့တာမောင်တုတ်လို့ သိဘူးပါတယ်။ သီပေါနန်းရတော့ မောင်မောင်တုတ်

တစ်ယောက် ရနောင်မြို့ကိုစားရပါတယ်။ဘုရင့်သား၊ ဘုရင့်ညီမဟုတ်ပါပဲ မင်းသားဖြစ်လာတာပါ။

 

ဓါးထက်လှတဲ့ စုဖုရားလတ်က မောင်တုတ်ကို " မဟာမင်းလှ မင်းထင်စည်သူ " ဘွဲ့ပေးပြီး မင်းသား

အရာ ခြီးမြှင့်ခဲ့တာပါ။ အရှင်မွေး နေ့ခြင်းကြီးခဲ့တာပါ။ ရွှေနန်းတော်အတွင်း ကျောက်စီရွှေဓါးလွယ်ပီး

အချိန်မရွေး ၀င်ထွက်ခွင့်ရှိသူပါ။ အာဏာအဆမတန်ရလာသူတစ်ယောက်ဖြစ်လာပါတယ်။

 

မောင်တုတ် အာဏာအဆမတန်ရလာသူတစ်ယောက်ဖြစ်လာတာကို စောင့်ကြည့်နေသူတစ်ယောက်

ကတော့  မြို့ဝန် ရွှေလှံဗိုလ်ကလေး ဦးခြုံ ပါပဲ။ သူလဲ မောင်တုတ်လို မယားအများကြီးနဲ့ နေသူပါ၊

တစ်ခါမှာ မယားလု ပွဲတောင် ဓါးတပျက် တုတ်တပျက်ဖြစ်ခဲ့ဘူးပါတယ်။ အငြိုးနဲ့ တစ်ယောက်အမှား

တစ်ယောက်စောင့်နေသူ နှစ်ယောက်ပါ။

 

တခါတော့ ထောင်ဖေါက်ပြေးသူတွေကို..တာဝန်ရှိတဲ့ရွှေလှံဗိုလ်က မမိ၊ မောင်တုတ်က ဖမ်းမိပါတယ်၊

မောင်တုတ်က ရွှေလှံဗိုလ်ကို သူ့အိမ်ဖိတ်ပီး တရားခံကို ရှေ့တင်သတ်ပီး တရားခံရဲ့ အူသုတ်နဲ့ဧည့်ခံပါ

သတဲ့။ ရွှေလှံဗိုလ်ကို အပီးချိုးနှိမ်လိုက်တာပါ။ ဒါကိုရွှေလှံဗိုလ် စိတ်ထဲ အခဲမကြေနိုင်ခဲ့ပါ။

 

နောင်အခါ သီပေါနဲ့ ဒိုင်းခင်ခင် အရေးမှာ စုဖုရားလတ်က မောင်တုတ်ကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။

ရွှေလှံဗိုလ်က ထောင်ကိုအုပ်ချုပ်သူပါ။ ရာဇ၀င်မှာတော့ မောင်တုတ်ဟာ ကပ်ကြေးဟောင်းတစ်လက်နဲ့

သူ့လည်ပင်းသူထိုး ပီးအဆုံးစီရင်ခဲ့တယ်ဆိုပါတယ်၊

 

ရွှေလှံဗိုလ်ဟာ သွားလေရာ လှံတစ်ချောင်း အမြဲဆောင်လေ့ရှိသူပါ၊ ထောင်ထဲကိုလဲ အမြဲဝင်စစ်ရပါတယ်၊

မောင်တုတ်ဟာ ကပ်ကြေးဟောင်းတစ်လက်နဲ့သူ့လည်ပင်းသူထိုး ပီးအဆုံးစီရင်ခဲ့တယ် ဆိုတာ ဟုတ်ရင်လဲ

ဟုတ်ပါလိမ့်မယ်..ဟုတ်ခြင်မှလဲဟုတ်ပါလိမ့်မယ်လို့..ကျနော် အောင်ထက်ထင်မိပါရဲ့..အာဏာဆိုတာ..

တကယ်တော့ မီးနဲ့တူပါတယ်နော်..ကိုယ်ကိုကိုယ်လဲ ပြန်ပီးလောင်မြိုက်တတ်တာပါပဲ..သတိပြုစရာပါပဲနော်..

စာဖတ်သူများတွေးရစ်ကြပါတော့။

 

( ကျနော်..အောင်ထက်ပါ )

 

 

 

 

ကြည်သူဦးရေ: 997

အမျိုးအစား: ဇာတ်လမ်းလေး, ရာဇ၀င်

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

6:04pmမှာစက်တင်ဘာလ 15, 2011 တွင် ကို (အင်္ဂပူ ) မှရေးခဲ့သောမှတ်ချက်
ရွှေလှံဗိုလ်ဟာ သွားလေရာ လှံတစ်ချောင်း အမြဲဆောင်လေ့ရှိသူပါ၊ ထောင်ထဲကိုလဲ အမြဲဝင်စစ်ရပါတယ်၊

မောင်တုတ်ဟာ ကပ်ကြေးဟောင်းတစ်လက်နဲ့သူ့လည်ပင်းသူထိုး ပီးအဆုံးစီရင်ခဲ့တယ် ဆိုတာ ဟုတ်ရင်လဲ

ဟုတ်ပါလိမ့်မယ်..ဟုတ်ခြင်မှလဲဟုတ်ပါလိမ့်မယ်လို့. ကျွန်တော်မရှင်းတာအဲနေရာပဲဆရာ....ရနှောင်မောင်တုပ်
ဝထ္ထုထဲမှာတော့ဆင်ခိုးမလေးကတုတ်ကြီးရဲ့နောက်ဆုံးအချစ်ခလေးဆိုတာလဲမ၇ှင်းဝူးဗျ.....သိရင်ဖြစ်
9:19pmမှာဇန်န၀ါရီလ 3, 2011 တွင် u kyaw မှရေးခဲ့သောမှတ်ချက်
ရောင်းရင်းကြီး ကိုအောင်ထက်ရေ .... ဒီတခါရေးရင် ခုနှစ်လေးပါ လုပ်ပါဗျ
1:37amမှာဇန်န၀ါရီလ 1, 2011 တွင် aryutin မှရေးခဲ့သောမှတ်ချက်
ကိုအောင်ထက်ရေ..နောက်လဲ ဖော်ပြပေးပါအုံးနော်..ကျေးဇူးပါ..
8:16pmမှာဒီဇင်ဘာလ 31, 2010 တွင် myamahaythi မှရေးခဲ့သောမှတ်ချက်

အာဏာဆိုတာ..တကယ်တော့ မီးနဲ့တူပါတယ်နော်..ကိုယ်ကိုကိုယ်လဲ ပြန်ပီးလောင်မြိုက်တတ်တာပါပဲ..သတိပြုစရာပါပဲနော်..

ဟုတ်ကဲ့ မှတ်သားစရာပါရှင် .....

10:58amမှာဒီဇင်ဘာလ 31, 2010 တွင် Love Train မှရေးခဲ့သောမှတ်ချက်
မင်းသားတွေကိုဝါးရင်းတုတ်နဲ့ ..လည်ပင်းဖြတ်ရိုက်သတ်တာသူပဲထင်ပ......
10:55amမှာဒီဇင်ဘာလ 31, 2010 တွင် nandarmoe မှရေးခဲ့သောမှတ်ချက်
ဖတ်လို့ကောင်းတယ် ၊ရာဇ၀င်ကြောင်းတွေကစိတ်ဝင်စားဖို့ကောင်းတယ်နော်၊ကျေးဇူးပါရှင်
10:31amမှာဒီဇင်ဘာလ 31, 2010 တွင် မြတ်နိုးခင် မှရေးခဲ့သောမှတ်ချက်
ဟုတ်ကဲ့ တွေးချင်သလိုသာ တွေးလိုက်ပါတော့မယ်...သူငယ်ချင်းရယ်

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

My title page contents