ဘုရားတရားရှိတဲ့ မြန်မာနိုင်ငံနဲ့  ဘုရားတရားမရှိကြတဲ့ ဂျပန်နိုင်ငံ ဘာကွာလဲ

မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုခံထားတာပါ ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခြား ဗုဒ္ဓဘာသာနိုင်ငံနဲ့ နှိုင်းယှဉ်ရင် ဘုရား၊ စေတီ၊ ပုထိုး အားလုံး မြန်မာပြည်တပြည်လုံးမှာရှိကြပါတယ်
ကြည်ညို မှု့ ရှိတယ် စေတီ၊ပုထိုး၊ဘုရားသပ္ပာယ်တယ် ၊ ကြည်ညိုစရာကောင်းတယ် လူတွေကလဲ ဘုရားတရားကိုးကွယ်ကြတယ် ။
ဗုဒ္ဓအကြောင်း ဘုရားအကြောင်းအားလုံးသိကြတယ်၊ နားလည်ကြတယ် ဘုရားတရားကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ခဲ့ တယ်ဆိုဒါ မြန်မာမှာရှိတဲ့ ပုံဂံက သက်သေပြခဲ့ တာဘဲ မဟုတ်လား
ဘုရားစေတီပုထိုးပေါင်းရေတွက်လို့ မရလို့  စာဆိုနဲ့ (လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း)လို့ ကဗျာစပ်ခဲ့ ကြတာဘဲမဟုတ်လား ။ မကောင်းတာလုပ်ရင် ဘယ်သွားရမယ် ကောင်းတာလုပ်ရင် ဘယ်ရောက်မယ်ဆိုတာ မြန်မာနိုင်ငံမှာ နေတဲ့ ဘယ်သူမဆိုအားလုံးသိ ကြတယ်မဟုတ်လား။ ဘုရားကိုရှေ့ မှာထား နေ့ စဉ်နဲ့ အမျှ ရှိခိုးကြပြီး ဘုရားမိန့် ကြားခဲ့ တဲ့ အဆုံးအမအားလုံး သိကြပေမယ့့်လူတွေလုပ်တာကတော့
၁၊ ဘာလို့ သူများပစ္စည်းခိုးကျတာလဲ ?
၂၊ ဘာလို့ ကောက်ရတဲ့ ပစ္စည်းတွေပိုင်ရှင်ဆီပြန်ပေးဖို့ ဝန်လေးနေတာလဲ ?
၃၊ အလာကားရရင် ဘာလို့ ယူချင်ကြတာလဲ ဘာလို့ သူခိုးတွေရှိနေကြတာလဲ ?
၎၊ ဘာလို့ လူ၊လူချင်းမုဒိဒြာမပွားဘဲ ၁ယောက်နဲ့ ၁ယောက် အတင်းတုတ်ကြတာလဲ ?
၅၊ ဘာလို့ ဘုရားမကြိုက် ၊ တရားမကြိုက်တဲ့ ရန်ပွဲတွေ လောင်းကစားတွေ အရက်မူးပြီးရမ်းကားနေတာလဲ
ဘုရားသမိုင်း ဘုရားတရား အားလုံးသိကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ဘာလို့ ဘုရားပြောခဲ့ တဲ့ တရား တွေနဲ့ ဆန့် ကျင်ပြီးလုပ်နေကြတာလဲ ဘာလို့ လဲ ?
ဘုရားတရားတွေကဘဲ လူသားအတွက်အကျိုးမရှိလို့ လား? ဘုရားကဘဲမဟုတ်ဘဲနဲ့ မကောင်းဘဲနဲ့ လျှောက်ပြောခဲ့ တာလား
ဘုရားတရားရှိတဲ့ သိကြတဲ့ မြန်မာလူမျိုးတွေ မကောင်းမှု့ ဒုစရိုက်လုပ်နေကြရင်းဘုရားတရားမထွန်းကားတဲ့ 
ဘုရား၊စေတီ၊ပုထိုးနည်းတဲ့ မရှိဘူးလို့ ကို ပြောလို့ ရတဲ့ ဂျပန်နိုင်ငံကလူတွေ ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားကြည့်ကြပါ။
ဂျပန်နိုင်ငံမှာတော့ ဘုရားတရား မြန်မာနိုင်ငံလောက် ကိုးကွယ်မှု့ မရှိကြဘူး ။ဘုရားတရားကိုးကွယ်တဲ့ လူတွေလဲ ရှိသလို ဘာသာမဲ့ လူတွေလဲ အများကြိးပါဘဲ ဂျပန်မှာလဲ ဗုဒ္ဓဘာသာထွန်းကားခဲ့ တယ်ဆိုဒါ ကာမာကူရ ဘုရားက သက်သေပြခဲ့ ပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးအများစု က ဘုရားရှေ့ ရောက်တာတောင် လက်အုပ်ချီရကောင်းမှန်းမသိကြဘူး။ မသိတဲ့ အပြင် ဘုရားက ယောက်ျားလေးကနေ ဘုရားဖြစ်တာလား မိန်းကလေးကနေဘုရားဖြစ်တာလားတဲ့ အဲလိုအမေးခံခဲ့ ရပါတယ် .......ကဲ မြန်မာကလူတွေရော သိကြတယ်မဟုတ်လား။ ဂျပန်က ကာမာကူရဘုရားကို အလည်အပတ်သဘောမျိုး ကြည့်စရာကြေးရုပ်ထု လို ဘဲ ဂျပန်လူမျိုးတွေက ကြည့်ပြိးပြန်သွားကြတယ် ။ အားလုံးသိတဲ့ အတိုင်းဘဲ ဂျပန်က အချိန်လေးစားမှု့  စည်းကမ်းရှိမှု့ ၊ ဒုစရိုက်အနည်းဆုံး နိုင်ငံအဖြစ်ကမ္ဘာက အသိမှတ်ပြုထား ကြတယ်
ဗုဒ္ဓဘုရားစကား ၊တရားစကား ဘာသာကိုးကွယ်မှု နည်းတဲ့ နိုင်ငံကဘာလို့ ဘုရားဟောကြားတဲ့ အတိုင်းလိုက်နာကျင့်သုံးကြတာလဲ ဘုရားဟောတရားတွေ ဘာဆိုဘာမှမသိတဲ့ ဂျပန်နိုင်ငံ စည်းမျဉ်း၊စည်းကမ်း၊ဥပဒေတွေကို ဘုရားထက်ကိုးကွယ်ကျတဲ့ ဂျပန်မှာ
၁၊ သူခိုးမရှိဘူး ၊ ဒုစရိုက်နည်းတယ်၊ စည်းကမ်းရှိကြတယ်၊ မုဒိဒြာပွားတတ်ကြတယ်။
၂၊ လမ်းမှာကျနေတဲ့ ပစ္စည်း ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ မြန်မာငွေ ၄သိန်း၅သိန်း ဘယ်လောက်ပါ ပါ မယူကြပါဘူး ဂျပန်လူမျိုးကိုယ်တိုင်ကုန်ဈေးနှုန်းကြိးတယ်လို့ ပြောပေမယ့်  ကောက်ရတဲ့ ပိုက်ဆံတွေ့ ရင် ရဲစခန်းအပ်ကြတယ် ။တပြားမှကိုမယူတာ ပျောက်သွားတဲ့ လူကလဲ ရဲစခန်းမှာဘဲ လာရှာကြတယ်
၃၊ ဂျပန်လူမျိုးတွေက သူတို့ လုပ်အားနဲ့ ရတာမဟုတ်တဲ့ ပိုက်ဆံ၊ပစ္စည်းတွေကို မယူကြပါဘူး ပျောက်သွားတဲ့ ပစ္စည်း ၊ ပိုက်ဆံအိတ် ၁ပတ်ကြာမှ ပျောက်တာသိလဲ ပြန်ရပါတယ်။ ဘာကြောင့်လဲ ဘုရားတရားမသိကြလို့ လား စည်းကမ်းဘဲရှိကြလို့လား ဂျပန်မှာ ဘယ်သူမဆို ဘုရားဟောခဲ့ တဲ့ အတိုင်း ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ် မကောင်းတာလုပ်ရင် ငရဲပြည်ရောက်မယ် ဒီ၁ခုဘဲသူတို့ သိတယ်
ဂျပန်မှာ လေးစားစရာ ကောင်းတဲ့ အချက်တွေအများကြိးရှိသလို မြန်မာလူမျိုး ဗုဒ္ဓဘာသာလူတိုင်း အံ့သြစရာကောင်းလောက်အောင်ကိစ္စမျိုးလဲ ရှိပါတယ်။
စည်းကမ်း၊ဥပဒေလေးစားမှု့ ကို ဘုရားထက်ကိုယ်းကိုယ်တဲ့ ဂျပန်မှာ
၁၊ ကိုယ့်ကိုယ်ကိုသက်သေမှု နေ့ တိုင်းလိုလိုတွေ့ ရပါတယ် တနိုင်ငံလုံးနဲ့ ကြည့်ရင်
၂ မိဘက ကိုယ့်သားသမီးကိုပြန်သတ်သလို ၊ သားသမီးကလဲ ကိုယ့်မိဘကိုပြန်သတ်တာလဲရှိပါတယ်။
အဲဒါကတော့ တစ်နိုင်ငံလုံးနဲ့ ကြည့်မယ်ဆိုရင် လူ၁၀၀၀ မှာ ၁ယောက်မျှသာရှိပါတယ်
ဘုရားတရားရှိတဲ့ မြန်မာနိုင်ငံနဲ့  တရားဥပဒေ၊စည်းကမ်းနဲ့ ပတ်သက်ရင် လိုက်နာတဲ့ ဂျပန်နိုင်ငံ
ံ စာဖတ်သူ လူကြီးမင်းကရောကရော ဘယ်လိုမြင်ပါသလဲ
ကျွန်တော်တိုက်တွန်းချင်တာကတော့
ဘုရားတရားကိုးကွယ်ပြီးစည်ကမ်းမလိုက်နာကြတဲ့ မြန်မာနိုင်ငံ ဘုရားတရားတွေကိုလိုက်နာပြိးစည်းကမ်း ရှိဖို့  လို့ နေပြီ ။ အဲလိုမှမလုပ်ဖူးဆိုရင် တော့ မြန်မာနိုင်ငံ ဂျပန်ကိုမှီဖို့ နှစ်၂၀၀ လောက်လိုအုန်းမယ်ထင်တယ်
ကျွန်တော်ပြောရတဲ့ အဓိက၊ ကတော့

ဂျပန်နိုင်ငံကို အထင်ကြိးစေချင်လို့ မဟုတ် ၊ ကိုယ့်နိုင်ငံမကောင်းကြောင်းပြောခြင်းမဟုတ် ကိုယ့်အသိစိတ်ဓာတ်နဲ့  ဘုရားတရားလေးစားဖို့ နဲ့ကိုယ်နိုင်ငံတိုးတက်ဖို့ စည်းကမ်းရှိအောင်နေကြဖို့ 
တိုက်တွန်းနဲ့ အနေနဲ့  ရေးခြင်းဖြစ်ပါတယ်
ဖတ်ပြီးသူပြင်ဖို့ မမေ့ကြပါနဲ့  အဲဒါအရေးကြိးဆုံးဘဲ မဟုတ်ပါလား ခင်ဗျာ

စာဖတ်သူအားလုံးကို လေးစားလျက်ပါ .........ကျေးဇူးတင်ပါတယ်

ကြည်သူဦးရေ: 48

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

8:16amမှာဖေဖော်ဝါရီလ 27, 2011 တွင် ♠♣♥နှင်းပွင့်သွေး♠♣♥ မှရေးခဲ့သောမှတ်ချက်
စိတ်ဓာတ်ရေးရာအတုယူစရာအနေနဲ့ကောင်းပါတယ်။ ဘာသာရေးနဲ့တော့မရော
ထွေးစေချင်ဘူးလေ ...
9:19pmမှာဖေဖော်ဝါရီလ 26, 2011 တွင် lwan thu aung မှရေးခဲ့သောမှတ်ချက်
ခေါင်းဆောင်နဲ့လဲ ဆိုင်ပါတယ် သူငယ်ချင်းရာ...............
9:57pmမှာဖေဖော်ဝါရီလ 25, 2011 တွင် myint myat kyaw မှရေးခဲ့သောမှတ်ချက်
ဂျပန်လူမျိုးတွေရဲ.စိတ်နေစိတ်ထားကို အတုယူသင့်ပါတယ် အတုယူသင့်တာလည်းကြာပါပြီ ဘာကြောင့်လဲဆိုတော့သူတို့ကပြတ်သားတဲ့စိတ်ဓာတ်ပိုင်ဆိုင်တယ် စည်းကမ်းကြီးတယ် လက်တွေ.သဘောနဲ့အလုပ်လုပ်တယ်
1:26pmမှာဖေဖော်ဝါရီလ 25, 2011 တွင် နန်းစံ မှရေးခဲ့သောမှတ်ချက်
ဘုရားကတော့မဟုတ်တာပြောပါ့မလားရှင်
အဲ့လိုမကောင်းတာတွေလုပ်ရင်မကောင်းတာဖြစ်မယ်
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့ပြောတာလေ
ဂျပန်နိုင်ငံကလူတွေလည်းအဲ့ဒီအယူအဆရှိလို့တိုးတက်တာပေါ့
ဂျပန်နိုင်ငံမှမဟုတ်ဘူးဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
အဲ့လိုအယူရှိတဲ့လူတွေအားလုံးနန်းတို့မြတ်စွာဘုရားပြောသလိုဖြစ်ကြတာပါပဲ
ဒါကခိုးတဲ့လူရဲ့စိတ်ဓါတ်နဲ့ပဲဆိုင်ပါတယ်
ဘုရားကတော့ဟုတ်တာမှန်တာကိုပဲဟောပါတယ်ရှင်။
9:54amမှာဖေဖော်ဝါရီလ 25, 2011 တွင် နေသူရိန် မှရေးခဲ့သောမှတ်ချက်
သိပ်ကိုကောင်းတဲ့ ဥပမာတွေပါ။ မြန်မာလူမျိုးတွေလည်း ဂျပန်တွေစည်းကမ်းရှိသလိုမျိုးသာ စည်းကမ်းရှိကြမယ်ဆိုရင် ကမဘာမှာ မြန်မာဟေ့ လို့ကြွေးကြော်နိုင်ကြရမှာ မလွဲပါဘူး။