လောကကြီးမှာ ငါမိန်းကလေးတွေ အများကြီးတွေ့ ဖူးတယ် ။ ချောတာတွေလည်း  ပါတယ် ။ ရုပ်ဆိုးတာတွေလည်း ပါတယ် ။ စိတ်သဘောထားကောင်းတဲ့ ၊ ဆိုးတဲ့  မိန်းကလေး တွေလည်း တွေ့ ဖူးပါတယ် ။

မင်းလည်းသိမှာပါ " လောကကြီးမှာ ယောကျာ်းနဲ့ မိန်းမဆိုတာပဲရှိတယ် " အဲ့ ယောကျာ်းနဲ့ မိန်းမက အချင်းချင်း အပြန်အလှန်ကြိုက်ကြပြီး  အတူနေထိုင်ကြတယ်လေ ။  ဒီလိုနဲ့ ပဲ မင်းစာစောင်တွေမှာ ရှာဖွေလိုက်ရင် ကမ္ဘာ့ လူဦးရေပာာ တစ်နှစ်ကို  သန်းတစ်ထောင် နှုန်းနဲ့ တက်လာတာကို တွေ့ ရမှာပါ ။

ငါတို့ အသက်တွေကို ပြန်ကြည့် လိုက်တဲ့အခါ အိမ်ထောင်ပြုဖို့ အထိကတော့ ငယ်ပါသေးတယ်ကွာ ။ ဆယ်ကျော်သက်အရွယ်ဆိုတော့ မင်းရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို မင်းသိပါတယ် ။

ဂျူးလိယက်လေးက ( ၁၄)နှစ်ပဲ ရှိသေးပြီး ၊ ရိုမီယိုကလည်း  ဆယ်ကျော်သက်အရွယ်ပဲလေ ။  ဒါပေမဲ့ ဆယ်ကျော်သက်အချစ်လို့ ဆိုပြီး ငယ်ရွယ်လို့ မနက်နဲ ဘူးလို  မထင်လိုက်ပါနဲ့ ။ ဇာတ်သိမ်းပိုင်းမှာ ဂျူးလိယက်လေးက ရိုမီယိုသေနေတာကို မြင်မြင်ချင်းပဲ  ချက်ချင်း ဘေးနားက အဆိပ်ကို သောက်ပြီး ကိုယ့်ကိုယ် သတ်သေခဲ့တာနော် ။

ငါလဲ ရိုမီယိုနဲ့  ဂျူးလိယက်အကြောင်းရှင်းပြနေလို့  စာရှည်သွားရင်  မင်းလေးမဖတ်ချင်မှာ စိုးရတယ် ။ ဒီစာလေးကတော့ မင်းလေးအကြောင်းဖွဲ့ နွဲ့ ထားတဲ့ စာလေးပါ ။


ဒီစာကို ဖတ်ပြီး ငါ့ကိုပြန်မကြိုက်ချင်ရင်တောင်မှ နောက်ငါ မင်းအကြောင်းရေးလာမဲ့ စာတွေကို  ငါပေးတိုင်း မင်း ဖတ်ပြီး ကြိုက်တဲ့အခါ အဖြေပြန်လို့ ရတယ်နော် ။

"ဆံနွယ်စတိုင်ဆန်း
မျက်လုံး အရောင်တောက်တောက်လေးနဲ့ 
ပါးကလေးဖောင်းဖောင်း
ပြုံးတဲ့အခါ
ငါ့ကိုရူးသွားစေလောက်အောင်
ကြည်နူးနိုင်စေတဲ့
မိုးနတ်မယ်နဲ့ မခြားလှတဲ့
မိန်းကလေးရေ..."

မင်းနဲ့ တွေ့ တဲ့အခါ ငါ့ရင်တွေက ပုံမှန်ခုန်တာထက်ကို ပိုခုန်နေမိတယ် ။

မင်းလေးမျက်နှာကြည့်ပြီး စကားပြောရတဲ့အခါ ငါ့ရင်ထဲကခံစားချက်တွေက ပီာရိုးရှီမား ကိုကြဲတဲ့  နူးကလီးယားရဲ့    ပေါက်ကွဲအားလို့ ပဲ ပေါက်ကွဲလို့ နေတယ် ။

မင်းနဲ့ ငါနဲ့ မျက်လုံးချင်ဆုံမိတဲ့အခါ  မင်းမျက်လုံးအလှလေးကို ကြည့်ပြီးတဲ့  နောက်ပိုင်းမှာ ငါပာာ  အရက်ပြင်း ၁၀ ပုလင်းသောက်တာထက် ကို ပိုပြီး

မူးမေ့လဲချင်လောက်အောက်ကို ဖြစ်လို့ လာတယ် ။

မင်းလေး လမ်းမှာ တွေ့ လို့ ပြုံးပြီး နှုတ်ဆက်တဲ့အခါ မင်းလေးငါ့ကို  ပြုံးပြတဲ့အတွက် လျှောက်နေတဲ့ နေရာမှာပဲ လကမ္ဘာအထိတောင်  ထခုန်ချင်ရလောက်အောင်  အရမ်းပျော်ရွှင်မိတယ် ။

တခြားကောင်လေးတွေနဲ့  မင်းရင်းရင်းနှီးနှီးစကားပြောနေတဲ့အခါ  ငါမနာလိုဖြစ်မိတယ် ။
ငါမနာလို့ တဲ့အကြည့် နဲ့ ကြည့် တာကို မင်းမြင်တဲ့အခါ ဖက်တောင်ပြတဲ့ မင်းကိုလည်း ချစ်နေမိတယ် ။

ရထားပေါ်မှာလဲ ထိုင်စရာနေရာမရှိရင် ငါထိုင်နေတာကို " Lady First " ဆိုပြီး အတင်းထခိုင်းတဲ့ မင်းလေး ၊ ရထားဂိတ်မှာ  မင်းဖို့ ငါ့ကတ်နဲ့ ဖြတ်ခိုင်းတဲ့  မင်းလေး ။

ဒီလိုနဲ့ ပဲ ရှေ့ ဆက်သွားတော့မှာလား မိန်းကလေးရယ် ။

မင်းအကြောင်းတွေ ငါလေ အိမ်ပြန်ရောက်တိုင်း စဉ်းစားမိတယ် ။
ညအိပ်ခါနီးလည်း စဉ်းစားမိတယ် ။ သီချင်းတွေထဲကလို တော့  အမြဲတမ်း ငါမစဉ်းစားနိုင်တာတော့ နားလည်ပေးပါနော် ။
ရုပ်ရှင်တွေထဲက ချစ်သူတွေရဲ့ လျှောက်လည်ကြတဲ့ အခန်းလေးတွေ တွေ့ မိရင် မင်းလေးနဲ့ ဆိုရင် ဘယ်လိုသာဆိုပြီး စိတ်ကူးယဉ်နေမိတယ် ။

 ဒီလောက်တောင် ငါလေ ချစ်တဲ့မင်းလေးကိုလည်း တခြားတစ်ယောက်ကနေ  လက်ဦး သွားမှာလည်း စိုးရိမ်နေမိတယ် ။  လူချင်းဖွင့်ပြောရအောင်လည်း  ငါ့မှာသတ္တိမရှိဘူး ။
ပါးရိုက်ခံရမဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပြီးသား ဖြစ်အောင် ငါလေ  ဒီ ချစ်သ၀ဏ်လွှာလေးကို  မင်းလေးဖတ်ဖို့  သီးသန့် အချိန်ယူကာရေးဖွဲ  လိုက်ပါတယ် ။

ခင်မင်လေးစားလျက်

ဝိ၀ိ

ဖေဖော်ဝါရီ၁၈ ၊ ၂၀၁၂

10:12PM

http://wiwilay.blogspot.com























ကြည်သူဦးရေ: 92

အမျိုးအစား: ရသ

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

11:47pmမှာဖေဖော်ဝါရီလ 25, 2012 တွင် ♫♥✿*•♫♥မေ♥သ♥ဇင် ♥♫✿*•♫♥ မှရေးခဲ့သောမှတ်ချက်

ပါးရိုက်ခံရမှာတော့ ကြောက်တယ်ပေါ့လေ

ဟီးးးးးးးးးးး


ဗမာလူမျိုး
8:41pmမှာဖေဖော်ဝါရီလ 25, 2012 တွင် Michael Lin မှရေးခဲ့သောမှတ်ချက်

Very Nice..

7:27pmမှာဖေဖော်ဝါရီလ 25, 2012 တွင် ★♫ မှုံနံ.သာဖြူ ★♫ မှရေးခဲ့သောမှတ်ချက်

ဆံနွယ်စတိုင်ဆန်း
မျက်လုံး အရောင်တောက်တောက်လေးနဲ့ 
ပါးကလေးဖောင်းဖောင်း
ပြုံးတဲ့အခါ
ငါ့ကိုရူးသွားစေလောက်အောင်
ကြည်နူးနိုင်စေတဲ့
မိုးနတ်မယ်နဲ့ မခြားလှတဲ့
မိန်းကလေးရေ..."


ဗမာလူမျိုး
2:35pmမှာဖေဖော်ဝါရီလ 25, 2012 တွင် ♥♥♥♣ချစ်«•♥•ငြိမ်း»♥•»♥♥'•.¸ဦး♥ မှရေးခဲ့သောမှတ်ချက်


တခြားလူမျိုးစု
1:49pmမှာဖေဖော်ဝါရီလ 25, 2012 တွင် hay man linn မှရေးခဲ့သောမှတ်ချက်

very good .....nice


မွန်လူမျိုး
1:33pmမှာဖေဖော်ဝါရီလ 25, 2012 တွင် ယဉ်မွန်ချမ်း မှရေးခဲ့သောမှတ်ချက်
လန်းတယ်ဟေ့

ဗမာလူမျိုး
11:23amမှာဖေဖော်ဝါရီလ 25, 2012 တွင် ယဉ်လေးမွန် မှရေးခဲ့သောမှတ်ချက်

နာတောင်ကြွေချင်လာပြီ..........

11:04amမှာဖေဖော်ဝါရီလ 25, 2012 တွင် ♥´Shin Thant Mayမေတ္တာရှင်မလေး`♥ မှရေးခဲ့သောမှတ်ချက်

အိုးမိုက်တယ်

"ဆံနွယ်စတိုင်ဆန်း
မျက်လုံး အရောင်တောက်တောက်လေးနဲ့ 
ပါးကလေးဖောင်းဖောင်း
ပြုံးတဲ့အခါ
ငါ့ကိုရူးသွားစေလောက်အောင်
ကြည်နူးနိုင်စေတဲ့
မိုးနတ်မယ်နဲ့ မခြားလှတဲ့
မိန်းကလေးရေ..."



ဗမာလူမျိုး
10:40amမှာဖေဖော်ဝါရီလ 25, 2012 တွင် +ရွှေမြို့သူ★ မှရေးခဲ့သောမှတ်ချက်


ဗမာလူမျိုး
10:38amမှာဖေဖော်ဝါရီလ 25, 2012 တွင် +ရွှေမြို့သူ★ မှရေးခဲ့သောမှတ်ချက်

အဟွန်းအဟွန်း

အဟမ်း အဟမ်း

အဟွတ် အဟွတ်


ဆိုဒ်ပင်မ

ဘလော့စာပေများ

ဖိုရမ္စာေ

© 2012   Created by admins group.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

Scroll to Bottom or Top - DevCurry.com