!!!!!!!!Hello dear members,We will sale this current site within 6 months and we will build new site with shwemyotaw.com. We will not sale this domain "shwemyotaw.com". There are 110000 members in this website. If you are interesting to buy this site, please contact konyein777@gmail.com . ရွှေ..မင်ဘာများအတွက်..သတင်းကောင်း( ဖတ်လိုက်ကြနော်..)

 

                         "နားလည်မှု" သင်ဇာသူငယ်ချင်းတွေ ခဏခဏ ရေးတတ်တဲ့ သုံးတတ်တဲ့ သင်ဇာကိုယ်တိုင်လဲ မကြာခဏ သုံးတတ်တဲ့ စကားလုံးလေးပါ။ သင်ဇာရေးခဲ့တာကတော့ ချစ်သူတွေ ကြားမှာ အများဆုံး ရေးဖြစ်ခဲ့ခြင်းပါ။ ချစ်သူတွေကြားမှာ နားလည်မှုရှိဖို့ လိုပါသည်။ ဘာကို ဆိုလိုချင်သော နားလည်မှုများလဲ။

 

                          တစ်ဦးတစ်ယောက်က အခြားတစ်ဦးတစ်ယောက်ရဲ့ သဘောထား၊ စိတ်နေစိတ်ထား၊ အပြုအမူကို မိမိကိုယ်တိုင်လို ထပ်တူထပ်မျှ သဘောပေါက်လို့ ထိုသူရဲ့ကိစ္စတိုင်းကို မိမိကိစ္စလို ပြုမူဆောင်ရွက်ပေးနိုင်ခြင်း၊ ထပ်တူခံစားပေးနိုင်ခြင်းနှင့် အမှားကြုံလာသောအခါ ခွင့်လွှတ်သည်းခံပေးတတ်ခြင်းကို ချစ်သူတွေကြားမှာ ထားရှိရမည့် နားလည်မှုလို့ ဖွင့်ဆိုချင်ပါသည်။

 

                          တစ်ကယ်တမ်းတော့ ဘယ်သူမဆို အစပထမတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ ပေးစွမ်းနိုင်ခဲ့ကြမှာပါ။ "သည်းခံတယ်ဆိုတာလဲ အတိုင်းအတာတစ်ခုပဲရှိပါသည်တဲ့" ဒီစကားလေးကိုတော့ သိပ်သဘောကျမိပါသည်။ဟုတ်တာပေါ့နော် အချိန်တိုင်းတော့ ဘယ် စိတ်ရှည် သည်းခံနိုင်ပါမည်နည်း။ တစ်ကြိမ် နှစ်ကြိမ်ဆိုတာကို အစပြုလို့ ဘယ်လောက် အကြိမ်များများ နားလည်ပေးနိုင်မလဲ။ သေချာတာက ဆယ်ကြိမ် အကြိမ်နှစ်ဆယ်ထက်တော့ ကိုယ့်ဘက်ကမမှားဘဲ နားလည်ခွင့်လွှတ် သည်းခံပေးဖို့ဆိုတာမလွယ်နိုင်ပါဘူး။။ ဘာလို့လဲ လူဆိုတာကလဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ပါ။

 

                            နောက်တစ်ချက်ကတော့ ငါဆိုတဲ့အတ္တစိတ်လေးတွေ ရှိနေတတ်တဲ့ သဘာဝပါ။ ခဏခဏ ပြောင်းလဲနေတတ်တဲ့စိတ်ရယ်၊ အထက်ကအတ္တလေးရယ် ပေါင်းစပ်လိုက်ရင် သံသယဆိုတဲ့ မီးစလေးတစ်စ ၀င်လာပါတော့တယ်။ (သင်ဇာပြောတဲ့ သံသယဆိုတာ ချစ်မှချစ်ရဲ့လားပေါ့ ) ။တကယ်တမ်းတော့ သံသယဆိုတာ တကယ်ချစ်တဲ့ သူတွေကြားမှာ မထားသင့်တဲ့အရာလို့ သင်ဇာဆိုချင်ပါသည်။ လူဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုနှင့် ပေါင်းသင်းဆက်ဆံနေကြတာပါ။ ယုံကြည်မှုဆိုတာ မရှိဘဲနဲ့ကတော့ ချစ်ခြင်းတရားလဲ မရှိနိုင်သလို နားလည်မှုဆိုတာလဲ ဖြစ်တည်မလာနိုင်ပါဘူး။

 

                               အောက်ဆီဂျင်လို ကိုယ်တိုင် မလောင်ကျွမ်းပေမယ့် လောင်ကျွမ်းမှုကို အားပေးတဲ့ ကြားစကားလေပြင်းတွေများ ၀င်လာတဲ့အခါမှာတော့ ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့ ပြသာနာတွေ ၀င်လာပြီး နားလည်မှုဆိုတဲ့ ရေစက်ရေမှုန်လေးလဲ မကယ်နိုင်တော့ပါဘူး။ ချစ်သူတိုင်းလဲ နားလည်မှုရဲ့ စစ်မှန်တဲ့ သဘောတရားကို နားလည်လို့ တစ်ယောက်ကိုတစ်ယောက် ခဏခဏအနိုင်ယူခြင်းနှင့် ပြိုင်ဆိုင်ခြင်းကင်းလို့ သောကဝေးကာ ရွှေလက်တွေ ခိုင်ခိုင်တွဲနိုင်ကြပါစေ။                       

ကြည်သူဦးရေ: 59

အမျိုးအစား: ဆောင်းပါး

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

6:14pmမှာမတ်လ 17, 2012 တွင် Kyaw မှရေးခဲ့သောမှတ်ချက်

လူဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုနှင့် ပေါင်းသင်းဆက်ဆံနေကြတာပါ။  ယုံကြည်မှုဆိုတာ မရှိဘဲနဲ့ကတော့ ချစ်ခြင်းတရားလဲ မရှိနိုင်သလို နားလည်မှုဆိုတာလဲ  ဖြစ်တည်မလာနိုင်ပါဘူး။

အခုလို ဒသနတွေ များများရေးပါ...

ကောင်းပါတယ်။

12:35pmမှာမတ်လ 17, 2012 တွင် ရုပ်ဆိုးမလေး မှရေးခဲ့သောမှတ်ချက်

ပေးတဲဆုနဲ.ပြည်.ပါစေ။

11:14amမှာမတ်လ 17, 2012 တွင် မ..မ မှရေးခဲ့သောမှတ်ချက်

ယုံကြည်မှုဆိုတာ မရှိဘဲနဲ့ကတော့

ချစ်ခြင်းတရားလဲ မရှိနိုင်သလို နားလည်မှုဆိုတာလဲ ဖြစ်တည်မလာနိုင်ပါဘူး။.

11:13amမှာမတ်လ 17, 2012 တွင် မ..မ မှရေးခဲ့သောမှတ်ချက်

ခဏခဏ ပြောင်းလဲနေတတ်တဲ့စိတ်ရယ်၊

ငါဆိုတဲ့အတ္တစိတ်."နားလည်မှု"

ကိုအနိုင်ယူတတ်ပါတယ်.

9:29amမှာမတ်လ 17, 2012 တွင် သိမ့် မှရေးခဲ့သောမှတ်ချက်

ချစ်သူတိုင်းလဲ နားလည်မှုရဲ့ စစ်မှန်တဲ့ သဘောတရားကို နားလည်လို့ တစ်ယောက်ကိုတစ်ယောက် ခဏခဏအနိုင်ယူခြင်းနှင့် ပြိုင်ဆိုင်ခြင်းကင်းလို့ သောကဝေးကာ ရွှေလက်တွေ ခိုင်ခိုင်တွဲနိုင်ကြပါစေ။       

5:32amမှာမတ်လ 17, 2012 တွင် ကိုသာခွေယိုင် မှရေးခဲ့သောမှတ်ချက်

ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏---------------

9:28pmမှာမတ်လ 16, 2012 တွင် မိုးဝသုန် မှရေးခဲ့သောမှတ်ချက်

မမရေးတတ်တယ်နှော်

အားပေးပါတယ်

7:48pmမှာမတ်လ 16, 2012 တွင် ★♫ မှုံနံ.သာဖြူ ★♫ မှရေးခဲ့သောမှတ်ချက်

ခဏခဏအနိုင်ယူခြင်းနှင့် ပြိုင်ဆိုင်ခြင်းကင်းလို့ သောကဝေးကာ ရွှေလက်တွေ ခိုင်ခိုင်တွဲနိုင်ကြပါစေ။

© 2013   Created by Admin.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service