သကြန် အကျနေ့ 
ကျွန်တော်အိမ်ရှေ့ ခုံတန်းလေးပေါ်တွင်ထိုင်နေစဉ်  ၀ုန်း  ကနဲ  ရေသံနှင့် အတူ
ကျွန်တော့် တစ်ကိုယ်လုံးရွှဲရွှဲစိုသွားသည် ။ ကြည့်လိုက်တော့ ကျွန်တော့်သူငယ်ချင်းခင်မောင်လွင် ။
++ ဟားဟားဟား လဒလို မှိုင်နေတဲ့ကောင်  ခုတော့ကြွက်စုတ်ဖြစ်သွားပြီ ++
  သူ့ စကားကြောင့် ကားပေါ်ပါလာသူများ ၀ိုင်းရီကြသည် ။
 ++ ဟား  စောလှချည်လားကွာ မင်းကလဲ ++
**စောမနေနဲ့  နာရီကြည့်ဦး ၉  နာရီထိုးတော့မယ်  ဗိုက်ဖြည့်ဦးမှာနဲ့ ဒီအချိန်က စမှအတော်ပဲ **
ကျွန်တော်ဘာမှမပြောတေ့ အိမ်ပေါ်တက်  ဂျာကင်နှင့်ဦးထုပ်ယူပြီး  ကားပေါ်တက်လိုက်သည် ။
စားသောက်ဆိုသ်တစ်ဆိုင်ရှေ့ တွင်ကားကို ရပ်လိုက်ပြီး ကျွန်တော်တို့ အားလုံးဆိုင်ထဲဝင်ခဲ့ကြသည် ။
အသီးသီး နေရာယူပြီး စားချင်တာများမှာကြသည် ။ထို့ နောက်ခင်မောင်လွင်က ။
** ကဲအားလုံး သူငယ်ချင်းတွေကိုမိတ်ဆက်ပေးမယ်  ဒါကငါ့သူငယ်ချင်း မောင်မောင် ။
မောင်မောင်မင်းမှတ်ထား  သူကသက်ဇော် အောင်မင်း ။ သူကစုလေး  မခိုင် မိုးမိုး **
အားလုံးစုစုပေါင်း ၇ ယောက် ။ကျွန်တော့်ရှေ့ တည့်တည့်တွင်ထိုင်နေသော  မိုးမိုး ဆိုသည့်ကောင်မလေးနှင့် ။
အကြည့်ချင်းဆုံသွားသည် ။ကျောလည်လောက်ဆံပင်အရှည်လေးကို ဖားလျားချထားပြီး ။
ဂျင်းဦးထုပ် လျှာတို အ၀ိုင်းလေးကို ဆောင်းထားသည် ။ အောင်ခံအင်္ကျီ တီ ရှပ်ပေါ်တွင်ဂျင်းဂျာကင်လက်ပြတ်ကလေးကိုထပ်ဝတ်ထားသည်။
ကျွန်တော်နှင့်အကြည့်ချင်းဆုံတော့ မိုးမိုး မျက်လွှာချသွားသည် ။ ကျွန်တော်က အားလုံးကို ပြုံးပြပြီး ။
နှုတ်ဆက်လိုက်သည် ။ ခဏ အကြာအစားအသောက်များရောက်လာသဖြင့် ။
** ကဲသူငယ်ချင်းတွေဖြစ်သွားကြပြီနော် ဗိုက်ဝအောင်စားထားကြ ဒါမှ အော်နိုင်ဟစ်နိုင် ကနိုင်မှာ **
ခင်မောင်လွင့်စကားကြောင့် အားလုံးဝိုင်းရီကြသည် ။ ကျွန်တော်တို့ အုပ်စုလေးစားသောက်ပြီးသည်နှင့်ရေပက်ခံထွက်ခဲ့ကြသည်။
မဏ္ဌာပ် ၄ ။ ၅ ခုလောက် ရေပက်ခံပြီးသွားတော့တော်တော်လေးအေးလာသည် ။ တခုသောမဏ္ဌာပ်တွင် ကျွန်တော်တို့ ကားကို ။
မီးသတ်ပိုက် ၂ ခုနှင့်  ၀ိုင်းပြီးပက်နေသဖြင့် မိုးမိုး ကျွန်တော့်ရင်ခွင်ထဲ  ၀င်လာပြီးခေါင်းကို ၀ှက်ထားသည် ။
ကျွန်တော်ကလည်းအလိုက်သင့် ဂျာကင်နှင့် ကာထားပေးလိုက်သည် ။ရေပက်ခံပြီး ကားမောင်းထွက်တော့မှ မိုးမိုးက ။
** ကိုမောင်  ကျေးဇူးပဲနော်  ခုမှပဲ အသက်ဝအောင်ရှု နိုင်တော့တယ်  အဲဒီလိုပက်တာကို မိုးမခံနိုင်ဘူး **
** အင်းရပါတယ် ကျွန်တော်ရှိနေတာပဲ  အဲဒီလိုမျိုးပက်ရင် မိုးမိုးကို ကျွန်တော်ကာပေးပါ့မယ်မစိုးရိမ်ပါနဲ့ **
ရေပက်ခံမဏ္ဍာပ် တစ်ခုရောက်တိုင်း ရေ၀ိုင်းပက်လျှင် မိုးမိုး ကကျွန်တော့်ရင်ခွင်ထဲမှာ  ။ ကျွန်တော်လဲကာပေးထားရသည်။
ညနေပိုင်းမရောက်ခင်  ခင်မောင်လွင်က ။
++ ကဲဆင်းကြဟေ့ အချမ်းပြေ  သွားအောင် အကြော်နဲ့ ရေနွေးကြမ်းနဲ့ ဗိုက်ဖြည့်လိုက်ရအောင်++
ကျွန်တော်က ရေနွေးကြမ်းကို  ပုဂံထဲထည့်ပြီး ပူနေသဖြင့် အနည်းငယ်မှုတ်ပြီးမိုးမိုးကိုပေးလိုက်သည်။
++ ဟုတ်ကဲ့ကျေးဇူးပဲကိုမောင် ++
++ ရပါတယ်မိုးရယ် ဖြေးဖြေးမှုတ်သောက် ၂ခွက် ၃ခွက်လောက်ဆင့်သောက်လိုက် ဒါမှရင်ထဲနွေးပြီး အချမ်းပြေသွားမှာ ++
++ အကြော်လည်းစားလိုက်ဦး ++
ထိုအချင်းအရာကို မြင်တော့ ခင်မောင်လွင်က ။
++ ဟေ့ကောင်မောင်မောင် မင်းနဲ့ မိုးမိုး စားတဲ့အကြော်ဖိုး ငါမရှုင်းဘူးနော်  မင်းတို့ ဘာသာရှင်း ငါကကျန်တဲ့ ၅ ယောက်စာပဲရှင်းမှာ ++
ခင်မောင်လွင့်စကားကြောင့်ကျန်သူများကျွန်တော်တို့  ၂ယောက်ကိုဝိုင်း ကြည့်ပြီးရီကြသဖြင့် မိုးမိုးမိက်နှလြေးရှက်သွေးဖြင့်ရဲသွားပြီး။
ခေါင်းကိုငုံ့ ထားသည် ။ စားပြီးသွားသည်နှင့် ကျွန်တော်တို့ ညနေပိုင်း ရေပက်ခံဆက်ထွက်ခဲ့ကြသည်။
ညနေပိုင်းရေပက်မဏ္ဍာပ်များကလည်းရေပက်တာပိုကြမ်းလာ မဏ္ဍာပ်များကလည်းဆက်နေသဖြင့် ။
မိုးမိုးကျွန်တော့်ရင်ခွင်ထဲက ခေါင်းမဖေါ်တော့ ။ပါးစပ်ကလဲ ပြောသည် ။
++ အရမ်းချမ်းလာပြီကိုမောင် ++
ကျွန်တော်ဘာမှပြန်မပြော မိုးမိုးကိုယ်လေးကို ဂျာကင်နှင့်အုပ်ပေးထားပြီး ခပ်တင်းတင်းလေး ဖက်ပေးထားလိုက်သည်။
တညနေလုံး မိုးမိုးကားကျွန်တော့ရင်ခွင်ထဲမှာ ကျွန်တော်လည်းရင်တွေခုန်လျှက် ။
ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြသည် ။အပြန်လမ်းကားပေါ်တွင်ကျွန်တော်က မိုးမိုးကို ပြောလိုက်သည် ။
++ မိုးမိုး မနက်ဖြန်လျှောက်လည်ချင်တယ်  လာခဲ့မလား ++
++ ဘယ်အချိန် လဲကိုမောင် ဘယ်ကိုလာခဲ့ရမလဲ ++
++ ကိုယ်တို့ လမ်းထိပ်က  မုန့် ဟင်းခါးဆိုင်ကိုလာခဲ့လေ မနက် ၉ နာရီလောက် ကိုယ်စောင့်နေမယ်လေ ++
++ အင်းလာခဲ့မယ်လေ ++
အားလုံးကိုလိုက်ပို့ ပြီးနောက် ခင်မောင်လွင်က  ကျွန်တော့်ကိုနောက်ဆုံး လိုက်ပို့ သည် ။
++ ဟေ့ကောင်မောင်မောင် ဘယ်လိုလဲအဆင်ပြေရဲ့ လား ++
++ ဘာကိုအဆင်ပြေရမှာလဲ ကွ ++
++ ဟားဟား  ငါ့ကို မင်းလိမ်ဖို့ မကျိုးစားနဲ့  မိုးမိုး တညနေလုံး မင်းရင်ခွင်ထဲက ကိုမထွက်ဘူး ငါမသိဘူးများအောက်မေ့နေလား++
ကျွန်တော်ဘာမှမပြော ရယ်ကျဲကျဲနှင့် ခေါင်းညိတ်ပြလိုက်သည် ။ခင်မောင်လွင်ကလက်မထောင်ပြယင်း ။
++ အိုကေရင်ဆက်လုပ် ဒဏ်ရာတွေတော့ မကျန်ခဲ့စေနဲ့ ++
သင်္ကြန်အကြတ်နေ့ 
မိုးမိုးနှင့် ကျွန်တော် မုန့်ဟင်းခါးအတူစားပြီး လျှောက်လည်ကြသည် ။ မိုးမိုး လက်ကလေးကိုဆွဲပြီး စတိတ်ရှိုးတွေလျှောက်ကြည့်ကြသည် ။
မဏ္ဍာပ်တစ်ခုရှေ့ မှအဖြတ် ကျွန်တော်တို့  ၂ ယောက်ကိုရေ၀ိုင်းပက်ကြသဖြင့် ၂ ယောက်လုံးရွှဲရွှဲ စိုသွားသည် ။
အပေါ်အင်္ကျီများကိုရေညှစ်ပြီး ကျွန်တော်တို့  ၂ ယောက် စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ခဲ့ကြသည် ။
 ၂ယောက်စလုံးစားချင်တာများမှာလိုက်ကြသည် ။မိုးမိုး ကစားပွဲခုံမိက်နှာချင်းဆိုင်တွင်မထိုင် ကျွန်တော့်ဘေးနားလာထိုင်သည် ။
ကျွန်တော်မိုးမိုး လက်ကလေး ၂ ဖက်ကို စုကိုင်ပြီး ဆုတ်ထားပေးလိုက်သည် ။
++ အရမ်းချမ်းနေလားမိုး ++့
++ အင်းနဲနဲ တော့ချမ်းတယ် ကိုမောင် ++
++ ဒါဆိုရင် မိုး ကို ကိုယ်ဖက်ထားပေးမယ်လေ ++
++ ဟာမလုပ်နဲ့  ကိုမောင် ဆိုင်ထဲမှာလူတွေနဲ့  ++
ကျွန်တော်ရှက်သွေးဖြာသွားသော မိုးမိုးမျက်နှာလေးကို  တစ် စိမ့်စိမ့်ကြည့်ပြီး တဟားဟား ရယ်နေလိုက်ပါသည် ။သည်
ထိုနေ့ တွင် ကျွန်တော်တို့  ၂  ယောက်ချစ်သူဖြစ်ခဲ့ကြပါသည် ။
သင်္ကြန်ဒုတိယအကြတ်နေ့ 
ကျွန်တော်အိမ်ရှေ့ ပိတောက်ပင်မှ ပိတောက်ခက်များကို အ၀ိုင်းသဏ္ဍာန်ပန်းခွေလုပ်လိုက်သည် ။ ပြီးနောက်လမ်း ထိပ်ဖက်ထွက်ခဲ့သည်။
မိုးမိုးမရောက်သေး ကားမှတ်တိုင်တွင်ရေခဲရေရောင်းသော ကျွန်တော်တို့ တစ်အိမ်ကျော်မှ ကိုတင်အေးဆီသွားပြီးစကားပြောနေလိုက်သည်။
ခဏအကြာ မိုးမိုးလျှောက်လာတာကိုတွေ့ လိုက်ရသည် ။ကျွန်တော်ကားမှတ်တိုင်အုဠ်ခုံဘေးတွင်ပုန်းးနေလိုက် သည် ။
++ ကိုတင်အေး ခင်ဗျားရေခွက်ကြီးနဲ့  ရေခဲရေ အေးအေး လေးလုပ်ပြီး အပြည့်ဖြည့်ထားပေးဗျာ++
++ အေးအေး စိတ်ချ ++
မိုးမိုးကိုယ်တင်အေးအရှေ့ မှဖြတ်အထွက် ကျွန်တော်ရေခဲရေခွက်ကိုယူပြီး  မိုးမိုးလည်ပင်းနားမှ တဖြေးဖြေးလောင်းချလိုက်သည် ။
++ အို  အမေ့  ++
မိုးမိုး အလန့် တကြားလှည့်ကြည့်လိုက်သည် ။
++ ဟာ  ကိုမောင်မကောင်းဘူးကွာ  အေးလိုက်တာအရမ်းပဲ  စောစောစီးစီး မိုးကိုအအေး ပတ်အောင်လုပ်ပြီ ++
++ ဟား  ဟား  ဟား ဟား ++
ကျွန်တော်အားရပါးရ   ရီနေလိုက်ပါသည် မိုးမိုး  မျက်စောင်းလေးကျွန်တော့်ထံရောက်လာသည် ။
အောက်ပိုင်းတွင်ဂျင်းဘောင်းဘီဝတ်ထားသဖြင့်  မသိသာသော်လည်း အပေါ်ပိုင်းတွင် တီရှပ်နှင့် ဂျာကင် လက်ပြတ်လေးသာ ၀တ်ထားသောကြောင့်။
မိုးမိုး  တစ်ကိုယ်လုံးရွှဲရွှဲ စိုသွားသည်  ။ ကျွန်တော်ကပြောလိုက်သည် ။
++ မိုး  ဂျာကင်လေးကိုချွတ်လိုက် ++
မိုးမိုးဂျာကင်လေးကိုယူလိုက်သည် ကျွန်တော့်ဂျာကင်ကိုချွတ်ပြီး  မိုးမိုးကိုဝတ်ပေးလိုက်သည် ။ပြီးတော့ကိုတင်အေးဆိုင်တွင် ။
ကျွန်တော် သိမ်းထားသော  ပိတောက်ပန်းခွေလေးကို ယူပြီး မိုးမိုး ဂျင်းဦးထုပ် အ၀ိုင်းလေးတွင်စွပ်ပေးလိုက်သည်။
++ ဟာကိုယ့်ချစ်သူလေး ဒီနေ့  အရမ်းလှ သွားပြီ ။သင်္ကြန်မင်းသမီးလေးနဲ့ တူသွားပြီ ++
++ သွားကိုမောင်ကတော့တကယ်ပဲ ++
ဘေးနားမှလူများဝိုင်းကြည့်နေသဖြင့်  မိုးမိုး ရှက်စနိုးပြောလိုက်သည် ။
တနေကုန် ကန်တော်ကြီးပတ်ပတ် လည်တွင်တစ်ယောက်လက်ကို တစ်ယောက်ဆုတ်ပြီး စတိတ် ရှိုးများကိုလိုက်ကြည့်ရင်း ။
ကျွန်တော်တို့ နှစ်ယောက် သကြန် ရက်ကို လွန်မြောက်ခဲ့ကြသည် ။ပျော်စရာနေ့ လေးပါပဲ ။
ပြန်ခါနီးတွင်ကျွန်တော်က  ။
++ မိုး မနက်ဖြန်လာခဲ့မှာလား ++
++ လာမှာပေါ့  ကိုမောင်နဲ့ လျှောက်လည်ရတာ အရမ်းပျော်တယ် ++
ကျွန်တော် မိုးမိုးမျက်နှာလေးကို စေ့စေ့ ကြည့်နေလိုက်သည်  ။ မိုးမိုးအပြောလေးကတကယ်ကိုချစ်စရာလေးပါပဲ ။
သင်္ကြန် အတက်နေ့ 
မနက် ၉ နာရီလောက်ကတည်းက ကျွန်တော်စောင့်နေသည်  ၁၁ နာရီထိတိုင် မိုးမိုး ပေါ်မလာခဲ့ပါ ။
ကျွန်တော်အိမ်ပြန်စက်ဘီးယူပြီး ကန်တော်ကြီးဖက်ထွက်လာခဲ့သည် ။ မဏ္ဍာပ်များရှေ့ မှဖြတ်လာသောကြောင့်  ရေပက်ခံရသည် ။
ရေစို နေသော်လည်းမချမ်းအား  ကျွန်တော့်  ချစ်သူ မိုးမိုး ဘာကြောင့် မလာတာလဲဆိုတာကိုပဲ စက်ဘီးနင်းရင်းနှင့် စဉ်းစားနေမိသည်။
ကန်တော်ကြီးသို့ ရောက်လာသည်  ။
တီ  တီ  တီ
ကားဟွန်းသံကြောင့်  ကျွန်တော်စက်ဘီးကိုလမ်းဘေးသို့  ကပ်ပြီးရပ်ပေးလိုက်သည် ။ ဟွန်းတီးသော ကားက  ကျွန်တော့်ရှေ့  ။
မလှမ်းမကမ်းတွင်ရပ်သွားသည် ။ပါပလေကာ အမိုးဖြုတ်ထားသော ကားအနီရောင်လေး ။ကားပေါ်မှ   ကောင်မလေးတစ်ယောက် ။
ဆင်းလာတာ ကိုတွေ့ ရသည် ။ နဖူးတွင် ပုဝါစည်းထားပြီး နေကာမျက်မှန်လေးကို တပ်ထားသည် ။
ကျွန်တော့် ရှေ့ သို့ ရောက်လာသဖြင့်  သေသေ ခြာခြာ ကြည့်လိုက်တော့ ကျွန်တော့် ချစ်သူမိုးမိုး မျက်မှန်လေးကို ချွတ်လိုက်ပြီး ။
ပြူံးစစနှင့်ကျွန်တော့်ကို ပြောလိုက်သည် ။
++  ဒီနေ့  နောက်ဆုံးနေ့   သူငယ်ချင်းတွေလာခေါ်လို့  ကိုမောင့်ဆီကို  မလာဖြစ်တာပါ  sorry  နော် ++
ကျွန်တော် ဘာမှမပြောနိုင်  ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်  ။
ကားပေါ်ကိုလှမ်းကြည့်လိုက်တော့ မိန်းကလေး ၂  ယောက်နှင့် ယောင်္ကျားလေး ၃ ယောက်ကို  ကျွန်တော်တို့ ကိုလှမ်း ကြည့်နေတာတွေ့ ရသည်။
မိုးမိုးကားပေါ်ပြန်တက်ပြီး  ကျွန်တော့်ကို  လက်ပြသည် ။ ကားပေါ်ရောက်တော့လူငယ်တစ်ယောက်က တဘက်အကြီးတစ်ထည်နှင့်။
မိုးမိုးကို လှမ်းခြုံ ပေးတာတွေ့ လိုက်ရသည် ။ ကားလေးမျက်စေ့အောက်ကပျောက်သွားသည်အထိ ကျွန်တော်လိုက်ကြည့်နေမိသည် ။
ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ဝေဒနာတစ်ရပ်ကိုခံစားနေရသည် ။ ကျွန်တော်စက်ဘီးကို အိမ်ဖက် သို့ ပြန်နင်းလာခဲ့သည် ။
သင်္ကြန်ကိုလည်း  ဆက်ပြီး မပျော်ချင်တော့ ။အိမ် အပြန်လမ်းတွင် ခင်မောင်လွင်ပြောခဲ့သောစကားများကို သာပြန်လည်ကြားယောင်နေမိသည်။
++ ဟေ့ ကောင်  မောင်မောင်  အိုကေရင်ဆက်လုပ် ဒဏ်ရာတွေတော့မကျန်  ခဲ့ စေနဲ့ နော် ++
ခင်မောင်လွင့်စကား မှန်နေပေပြီ  ကျွန်တော့်ရင်ထဲမှာတော့    ဆို့ နင့် တင်းကြပ်လျှက်   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                                                သူငယ်ချင်းအားလုံးကို

                                               ချစ်ခင်လေးစားလျှက်

                                             ကိုမောင်မောင်

ကြည်သူဦးရေ: 357

အမျိုးအစား: ရသ

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

8:12amမှာဧပြီလ 2, 2012 တွင် sanlin မှရေးခဲ့သောမှတ်ချက်

သယ်ချင်း မောင်မောင်ရေ ကောင်းတယ်။ အားပေးသွားတယ်။ ဘာကြောင့် ကျန်ရစ်ဖြစ်လဲ ထားခဲ့ကြလဲ ဆိုတာ သယ်ချင်းလေး မောင်မောင်လေး သိလောက်ရော့ပေါ့။ အဟိ။ မိန်းကလေးတွေက တစ်ခါတစ်လေ အရမ်းသနားဘို့ ကောင်းတယ်။ တစ်ခါတစ်လေတော့လည်း နှုတ်နှုတ်စင်းပြီး အရက်မြေးပစ်ဘို့ကောင်းတယ်။ (နော့် ရည်းစားဟောင်းကို ကျောတာပါ၊ တစ်ခြားတူတွေကို ကျောပါဝူး)။

7:57amမှာဧပြီလ 2, 2012 တွင် သက်ထားစု မှရေးခဲ့သောမှတ်ချက်

2:06pmမှာဧပြီလ 1, 2012 တွင် hnin aye aung မှရေးခဲ့သောမှတ်ချက်

1:11pmမှာဧပြီလ 1, 2012 တွင် Yeollie's Tweetie မှရေးခဲ့သောမှတ်ချက်

1 နဲစရာလေးပဲ ဖြစ်တက်ပါတယ်ဒါမျိုးလေးတွေက

12:30pmမှာဧပြီလ 1, 2012 တွင် ရဲရဲ မှရေးခဲ့သောမှတ်ချက်
ကောင်းပါတယ်စိတ်ကူလေးက။ဖြစ်ရိုးထုးံစံလေးတခုပါသူငယ်ချင်းထူးတော့မထူးဆန်းပါကွာ။
ဒီလိုရေးလို့စိတ်မဆိုးနဲ့နော်။ရဲရဲကရဲရဲခံစားမှုကိုပြောပြတာပါ
11:30amမှာဧပြီလ 1, 2012 တွင် +++Shin Thant Mayမေတ္တာရှင်မလေး`♥ မှရေးခဲ့သောမှတ်ချက်

ဟူးးးမလွယ်ပါလားမြန်လိုက်တာလိုက်လိုတောင်မမှီတောဘူး

1:19amမှာဧပြီလ 1, 2012 တွင် +++ရွှေမြို့သူ+++ မှရေးခဲ့သောမှတ်ချက်

11:24pmမှာမတ်လ 31, 2012 တွင် သိမ့် မှရေးခဲ့သောမှတ်ချက်

အကျနေ့မှာ စတွေ့

အကြတ်နေ့မှာ ချစ်သူတွေဖြစ်

အတက်နေ့လည်းရောက်ရော

10:09pmမှာမတ်လ 31, 2012 တွင် ♥♫✿*•♫♥မေသဇင် ♥♫✿*•♫♥ မှရေးခဲ့သောမှတ်ချက်

http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:4106639#a...

ဒီနှစ်ယောက်ဟာ တစ်ယောက်ထဲလား

10:05pmမှာမတ်လ 31, 2012 တွင် မ..မ မှရေးခဲ့သောမှတ်ချက်
++ ဟေ့ ကောင် မောင်မောင် အိုကေရင်ဆက်လုပ် ဒဏ်ရာတွေတော့မကျန် ခဲ့ စေနဲ့ နော် ++

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service

My title page contents