ရွှေ မြို့ တော် ဆိုဒ် ထဲမှ သူငယ်ချင်းများအားလုံး မင်္ဂလာပါ ....

အခု  ကျနော် စုဆောင်းမိသမျှ ယောက်ကျားလေးတွေ အများ စုမှ ဖြစ်လေ့ ဖြစ်ထရှိတဲ့ . သတိမထား မိလိုက်တဲ့  ...အများဆုံးတွေ့ မြင်ရတဲ့  ....နှုတ်ခမ်းမွှေးရိတ်ရင် ဘယ်လို သတိထားရမယ် ဆိုတာလေးတွေ ကို ဝေမျှပေးချင်ပါတယ်ခင်ဗျာ ... အော် ယောက်ကျားလေးသီးသန့် ဆိုပေမယ့်  မိန်းကလေး တွေ ရော ဖတ်လို့ ၇တယ်နော် ..ဘာလို့ လဲဆိုတော့  ကျနော် တို့ ဒီ ဆိုဒ် ထဲမှာရှိတဲ့  ...မမ ညီမလေး တို့ လည်း  ကိုယ်နဲ့ သက်ဆိုင်သူတွေ  မောင်တွေ အကို တွေ ကို ပြန်လည် ဝေမျှလို့ ရတာပေါ့ဗျာ .... ဟုတ်ဘိနော် ...

အလှ အပ ဆိုတာ က မိန်းကလေးတွေ နဲ့ ဘဲ သက်ဆိုင်တယ်ဆိုတာ ခုလို အိုင်တီ ခေတ်ကြီးထဲမှာ ဒီ စကားက သိပ်မမှန်တော့ ဘူေးနာ် သူရင်းတို့  သတိထားမိကြရဲ့ လား ... ယောက်ကျားလေးတွေ လေး  သက်ဆိုင်ရာ  အလှအပ ဂရုစိုက် သင့် တဲ့ အချက်လေးတွေ က အများကြီး ပါ ..ယောက်ကျားလေးတစ်ယောက် က  သိပ်ချော သိပ်လှ နေဖို့ မလို ပါဘူး ... Handsome ဖြစ်ပြီး smart ဖြစ်နေဖို့ က အဓိ ကပါ  ( ကျနော့် အမြင် ) ... ကဲ ကျနော် ရေးတာနဲ့ တင် လိုရင်း ကို မရောက်တော့ဘူး .. ဆက်လက်  ဖတ်ရှု လိုက်ကြပါအုံးနော် ... ဘော်ဘော် တို့  ...

  • ယောက်ကျားလေးတွေ မှာ  နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရေးရေးလေးတွေ ရှိနေတာ က ဆွဲဆောင် တစ် မျိုးမဟုတ်ပါလား ခင်ဗျာ ..အဲဒါပေမယ့် ပေါက် တာက ကျိုးတို ကျဲတဲ ဖြစ်နေတာ တို့  ကာလာ မညီ တာတို့ ဖြစ်နေတာ တို့ ထက်စာရင် ... ပြောင်ရှင်းနေတာ က ပိုမကောင်းဘူးလား ခင်ဗျာ ... ဒါကြောင့်  ရိတ်သင်တဲ့ အခါမှာ ဘယ်လို မျိုးလေးတွေ သတိထားရမယ်ဆိုတာ ဖော်ပြပေးလိုက်တယ်နော် ..
  • နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး တွေ ရိတ်တဲ့ အချိန်မှာ shaving c ream  ကောင်းကောင်း  ရိတ်စက် ကောင်းကောင်း တို့ ကို  ဖြစ်နိုင်ရင် သုံးပေးသင့်ပါတယ် .
  • တစ်ခါသုံး ရိတ်စက်လေးတွေ ကလည်း ခု ဆိုင်တော်တော်များများမှာ  ဈေးနှုန်း အသင့်အတင့် နဲ့  အလွယ်တကူရ နေပါဘီနော် ..
  • ပထမဆုံး အနေနဲ့  မျက်နှာပေါ်က အမွှေးလေးတွေ မရှင်းလင်းခင်မှာ ..မျက်နှာ ကို ရေနွေးနွေးလေးနဲ့  စင်ကြယ်စွာ ဦးဆုံး ဆေးကြော သန့် စင်ပေးဖို့ လိုအပ်ပါတယ် ...
  • ရိတ် နေ စဉ် အတောတွင်း မှာလဲ  အရေ ပြား ကို တင်းနေအောင် ဆွဲပြီး မရိတ်သင့်ပါဘူး ချွန်ထက်တဲ့ အမွှေးလေးတွေ က မွှေးညှင်း ပေါက်ထဲ ပြန်ဝင်သွားပြီး အပြင် ကိုရှည် ထွက်မလာဘဲ အထဲမှာ ခွေပြီး ၀က်ခြံ လို အဖုလေးတွေ ထွက်ပေါ်လာတတ်လို့ ပါ ...
  • ရိတ် တဲ့ အခါမှာ လည်း ကပ်စေး နည်းပြီး ဓါးတုံးတုံးကြီး တွေ ကို ပေမသုံးနဲ့ နော် ..ကျနော် တောင် မနေ့ ကမှ အသစ်ဝယ်လိုက်တယ် အဟဲ....ယောက်ကျားလေးအများစု ( ကျနော် အပါအ၀င် )  တွေ က ခုလို နေရာမျိုးလေးတွေ မှာ ကပ်စေးနည်းတတ် ကျတယ်လေ ... အဲလို ဓါးတုံးတုံးကြီးတွေ နဲံရိတ်လိုက်မယ်ဆိုရင် အရေပြား ကို ဓါတ်ဖြစ်စေလို့ ပါ ...စိတ် မြန်လက်မြန်နဲ့ ရိတ် လိုက်မယ်ဆိုရင်လည်း ... ဓါးရှ နိုင် တဲ့  အခက်အခဲလေးကတွေ့ နေရပြန်ရော ...ဒီတော့  စိတ်ရှည်ရှည် ထားပြီး  သေချာလေး ဂရုတစိုက် ရိတ် ပေးလို့ လို အပ်ပါတယ်ခင်ဗျာ .....
  • ရိတ် ပြီး သွားတဲ့ အခါမှာလဲ ....  မျက်နှာပေါ်က အမွှေးတွေ အားလုံးပြောင်ရဲ့ လား ဆိုတာ မှန်ထဲမှာ သေချာ ကြည့်ပေးဖို့ လို အပ်ပါတယ် .... ကျိုးတိုကျဲ တဲ ဖြစ်နေရင် မြင် ရနေသူတွေ အဖို့ နှာခေါင်းရှုံ စရာ လေးတွေ ဖြစ်လာနိုင် လို့ ပါ ...

အားလုံး ပြီးစီးသွားဘီ ဆိုရင် တော့ မျက်နှာ ကို ရေအေးအေးလေးနဲ့ဆေးကြောလိုက် ပါ ...ဖြစ် နိုင်ရင် After Shaving Cream လေး သုံးပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ ...

ကဲ ... ကျနော်  စုမိသမျှတင်ပြ ပေးတာလေးတွေ ကို ဖတ်ပြီး   ... ရွှေမြို့ တော် ထဲ က ကိုကို ညီညိ တွေ ဆော်ကြည်ဘဲလေးတွေ ဖြစ်ပါစေဗျာ ... ဆုတောင်း ပေးလိုက်တယ်နော် ...

                                                                                     ကိုရဲ ( နည်းပညာ )

ကြည်သူဦးရေ: 2593

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

12:52pmမှာမေလ 30, 2013 တွင် moesetlay653 မှရေးခဲ့သောမှတ်ချက်

ကျေးဇူးပါ  သူငယ်ချင်းတွေကိုပြောလိုက်ပါမယ်

9:35amမှာမေလ 29, 2013 တွင် ကျော်စွာ မှရေးခဲ့သောမှတ်ချက်

ကျေးဇူးပါ။သတိထားမိသွားတာပေါ့

8:07pmမှာမေလ 22, 2013 တွင် I am Ko Ye ' မှရေးခဲ့သောမှတ်ချက်

ဟုတ်ကဲ့ ကျေးဇူးပါ ခင်ဗျ .. အခု အတန်း က ပြန်တက်နေရပြီဆိုတော့ ... စာရေးဖို့ က သိပ် အချိန် မရသလို ဖြစ်နေတယ် ... ဒါပေမယ့်  ကျနော် စုမိသမျှလေးတွေ ကို ဆက်လက် တင်ပြပေးပါ့အုံးမယ် ခင်ဗျ ..အားပေးပါအုံး ကျေးဇူးတင်ပါတယ် ခင်ဗျ ...

10:52pmမှာမေလ 21, 2013 တွင် waiyan966 မှရေးခဲ့သောမှတ်ချက်

ကျေးဇူးပါအကိုယ်ပြောတဲ့အကြောင်းအရာကဗဟုတုတများစွာထဲကတစ်ခုပါဆက်ရေးပေးပါအုံးအားပေးပါတယ်

12:22amမှာဧပြီလ 11, 2013 တွင် Shwe Ei မှရေးခဲ့သောမှတ်ချက်
ဒါလည်းဗဟုသုတတစ်မျိုးပဲ။ကျေးဇူးနော် တို့မောင်လေးကိုပြောပြလိုက်ဦးမယ်။
7:25pmမှာဧပြီလ 6, 2013 တွင် hanekoko မှရေးခဲ့သောမှတ်ချက်

ဟုတ်ပါကျေးဇူးပါ

7:20pmမှာဧပြီလ 6, 2013 တွင် I am Ko Ye ' မှရေးခဲ့သောမှတ်ချက်

ဟုတ် ကဲ့ ကျေးဇူးပါ .. ကိုဝေဖြိုး... သတိထားမိသွားဘီပေါ့ အခု ..ဟုတ်လား ..

7:19pmမှာဧပြီလ 6, 2013 တွင် Wai Phyo Paing မှရေးခဲ့သောမှတ်ချက်

မှန်တယ်ဗျာ ဒါကိုကျွန်တော် လုံးဝ သတိမထားမိဘူး ဗျ

11:12pmမှာဧပြီလ 5, 2013 တွင် ကောင်းသီဟကျော် မှရေးခဲ့သောမှတ်ချက်

အဟီးးးး ဒါတော့ လျှော့လုပ်ရမယ် ... အရင်ကတည်းက ကြည်ရတဲ့ အထဲ ဒီလို အချက်တွေပါ ဂရုစိုက်လိုက်ရင် .. ဖျားဖျား ... အတွေးနဲ့တင် ကြက်သီးထတယ် ...

အားပေးသွားပါတယ် အစ်ကိုရေ .. :)

7:27pmမှာဧပြီလ 5, 2013 တွင် sanlin မှရေးခဲ့သောမှတ်ချက်

ကျေးဇူး။

ရိတ် နေ စဉ် အတောတွင်း မှာလဲ  အရေ ပြား ကို တင်းနေအောင် ဆွဲပြီး မရိတ်သင့်ပါဘူး ချွန်ထက်တဲ့ အမွှေးလေးတွေ က မွှေးညှင်း ပေါက်ထဲ ပြန်ဝင်သွားပြီး အပြင် ကိုရှည် ထွက်မလာဘဲ အထဲမှာ ခွေပြီး ၀က်ခြံ လို အဖုလေးတွေ ထွက်ပေါ်လာတတ်လို့ ပါ ...

မယုံ မရှိနဲ့ ၊ ငမှုံ ကိုယ်တွေ့ ။ ခိခိ။

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service