MC member တယောက်ဖြစ်တဲ့ sis Yin Yin Hnoung က ဒီလိုလေး ရေးပို့ထားပါတယ် ဖတ်ကြည့်ကြည့်ပါဦးနော် ^^

Movie Crazies ပရိတ်သတ်များအတွက်ပါ။ စဉ်းစားမိလို့ရသလောက်ပဲ ချရေးထားတယ်။ မြန်မာဇာတ်ကား(ရွာကားများ)ကြည့်ရှုရာတွင် အထောက်အကူဖြစ်စေမည့် definition များ။ မျက်မှန်နဲ့ ခေါင်းပေါင်းနဲ့  နှုတ်ခမ်းမွေးတကားကားနဲ့ နှစ်လုံးပြူးသေနတ်ပါရင် အဲ့ဒါရွာသူကြီး။ စွပ်ကျယ်နဲ့  ရွှေဆွဲကြိုးတ၀င်းဝင်းနဲ့ ဆိုရင် အဲ့ဒါ ချစ်တီး။ ကုတ်အင်္ကျီ ၊ ဘောင်းဘီ အနက်ဝမ်းဆက်ကိုဝတ် ၊ လက်ထဲမှာ တုတ်ကိုင်ထားရင် လူဆိုး။ သနပ်ခါးပါးကွက်ကျားနဲ့  ရေအိုးရွက်လာရင် ကွမ်းတောင်ကိုင်။ လည်သာဘွတ်ဖိနပ်၊ ပုဆိုးနဲ့  မာဖလာနဲ့ ဆိုရင...် အဲ့ဒါ သူကြီးသား။ ရွာထဲမှာ လတ်လျား လတ်လျားနဲ့  ကြက်ဝိုင်း၊ဖဲဝိုင်း၊ထန်းတောမှာ တွေ့ ရင် အဲ့ဒါ သူဌေးသား။ ဒေါ်ဘုမ ဆိုရင် ပဲပြုတ်သည် သို့ မဟုတ် အကြော်သည်။ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ၀င်းနေအောင် ပန်ထားပြီး စကားပြောရင် အထက်စီးကပြောတာ ငွေတိုးချေးစားတဲ့သူ။ ပန်းကန်ကျကွဲရင် ဖန်ခွက်ကျကွဲရင် ဓာတ်ပုံမှန်ဘောင် ကျကွဲရင် အဲ့ဒါ လူသေတာ။ ပန်းတစ်ပွင့် ကြွေသွားတဲ့ပုံ ဒါမှမဟုတ် မိုးခြိမ်းတဲ့ပုံဆိုရင် အဲ့ဒါ မင်းသမီးကို လူဆိုးက စော်ကားသွားတာ။ မင်းသမီးအန်ရင် အဲ့ဒါဗိုက်ကြီးတာ။ တစ်ချိန်လုံး တောက်ခေါက်နေတာက မင်းသား။ ရွာထဲကနေ ခွေးတွေ၊ ကြက်တွေ၊ လူတွေ ပြေးလာရင် အဲ့ဒါ သူပုန်ရွာဝင်စီးတာ။ သျှောင်ထုံးနဲ့ အင်္ကျီဗလာနဲ့  ပုဆိုးခါးတောင်းကျိုက်ထားတာ သိုင်းဆရာ။ ရွာထဲမှာ ဂျင်းဘောင်းဘီနဲ့  တီရှပ်နဲ့ ဆံပင်ကို ဂျယ်ထောင်ထားတာ အဲ့ဒါ မြို့ က ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသား။ မင်းသမီးနဲ့မင်းသား ဧည့်ခန်းထဲမှာ နှစ်ဖက်မိဘကို ကန်တော့လိုက်ရင် အဲ့ဒါ မင်္ဂလာဆောင်ပြီးပြီ။ ရဲတွေရောက်လာရင် အဲ့ဒါဇာတ်ကားပြီးပြီ။

ကြည်သူဦးရေ: 36

အမျိုးအစား: ဘာညာ

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

12:30amမှာဒီဇင်ဘာလ 5, 2012 တွင် Myint Soe မှရေးခဲ့သောမှတ်ချက်

သိပ်ဟုတ်တာပေါ့ ။ အားပေးသွားပါတယ်သယ်ရင်း..။

2:48pmမှာဒီဇင်ဘာလ 4, 2012 တွင် maysan မှရေးခဲ့သောမှတ်ချက်

ဟုတ်တာတွေ မှန်တာတွေ သိပ်မပြောနဲ့

10:04amမှာဒီဇင်ဘာလ 4, 2012 တွင် ရွှေညာသူလေး *** မှရေးခဲ့သောမှတ်ချက်

ဟိဟိ ဟုတ်တယ်နော်..........အမှန်ပဲ..........

8:45amမှာဒီဇင်ဘာလ 4, 2012 တွင် phyuphyu mg မှရေးခဲ့သောမှတ်ချက်
ဟုတ်တယ်လေဒါမြန်မာဗီဒီယိုဇတ်ကား
11:41pmမှာဒီဇင်ဘာလ 3, 2012 တွင် ♥♫✿*•♫♥မေသဇင် ♥♫✿*•♫♥ မှရေးခဲ့သောမှတ်ချက်

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service