မောင် ဟိုးမှာကြည့်စမ်းပါအုံး ။ တောင်တန်းကြီးတွေ အပြာရောင်သန်းနေတယ် ။ လွမ်းစရာကောင်းလိုက်တာမောင်ရယ် ။

မောင့်ကိုသတိ့ရနေရင်းပဲ တချိန်ကမောင်ပြောခဲ့ဖူးတဲ့စကားသံတွေကို နန်းပြန်ကြားရောင်နေမိ့တယ် ။

“ ဟိုမှာကြည့်စမ်းပါအုံးနန်းရယ် မြူခိုးတွေကြားမှာရှိနေတဲ့ တောင်တန်းကြီးတွေကို သူတို့တွေဘယ်လောက်များအ -

ထီးကျန်ဆန်နေလိုက်မလဲ - မောင့်အထင်ပြောရရင် သူတို့ကလူတွေလို ဝေဒနာကိုပြောပြခွင့်မရတော့ အပြာရောင်သန်းပြီး

ကျွန်တော်အထီးကျန်ဆန်လိုက်တာဗျာ လို့များ ပြောနေကြသလားမသိ့ဘူးနော်

တောင်တန်းကြီးတွေဆီကို ငေးကြည့်ရင်းပြောပြနေတဲ့မောင့်ကို ကျွန်မက -

“ သြော်မောင်ရယ် မောင်လိုမြေပြန့်သားတယောက်ကတောင် တောင်တန်းကြီးတွေကိုကြည့်ပြီး စာနာနားလည်ပေး

နိင်သေးတာပဲ အမြဲမြင်တွေ့နေရတဲ့နန်းတို့မှာလဲ ဒီတောင်တန်းကြီးတွေကို သံယောဇဉ်ဖြစ်မိ့တာပေါ့ ပြီးတော့ အလွမ်း

ရောင်သန်းနေတဲ့တောင်တန်းကြီးတွေရဲ့ အထီးကျန်မှု့ကိုလဲ နန်းကိုယ်ချင်းစာပါတယ် ဒါပေမဲ့မောင် . . . ”

ကျွန်မ မောင့်ရဲ့ရင်ခွင်ထဲကို ကလေးဆိုးလေးတယောက်လိုတိုးဝင်လိုက်ပြီး -

“ နန်းလဲ ဒီတောင်တန်းကြီးတွေလို အထီးကျန်ရမှာကိုအရမ်းကြောက်တယ် မောင်နန်းကိုဘယ်တော့မှခွဲမသွားပါ

နဲ့နော် နန်း နန်းလေ မောင်မရှိရင် ရင်ကွဲပြီးသေလိမ့်မယ် ”

ကျွန်မဒီလိုပြောပြီး ဘာကြောင့်မှန်းမသိ့ ကျွန်မပါးပြင်ပေါ်ကိုမျက်ရည်စတွေ လိမ့်ဆင်းကြွေကျလာတယ် ။ အချစ်နဲ့ -

ပတ်သက်လာရင် အလိုလိုဝမ်းနည်းအားငယ်နေတတ်တဲ့ကျွန်မအဖို့ မောင်မရှိလို့မဖြစ်ဖူးလေ ။ ဒါကြောင့် မောင့်ရဲ့ရင်

ခွင်ထဲကနေ လည်တိုင်းလေးကိုဆန့်တန်းပြီး မောင့်နဖူးပြင်လေးဆီကြွေကျသွားတဲ့ ကျွန်မရဲ့အနမ်းတပွင့်ကတော့ -

နွေးခနဲ့ . . .

********************************** *** ( ၁ ) ******************************************

သူနဲ့ကျွန်မက အမှတ်မထင်တွေ့ခဲ့ကြတယ်ဆိုပါတော့ ။ သူကတော့ ကျွန်မတို့မြို့ကလေးမှာလာပြီးတာဝန်ထမ်းဆောင်

နေတဲ့ ၀န်ထမ်းတဦးပေါ့ ။ မြင်ဖန်များတော့စွဲလမ်းသက်ဝင်ဆိုသလို အကျွမ်းတ၀င်ရင်နှီးချစ်ခင်နေချင်ကြတဲ့ နှလုံး -

သားတွေရဲ့ဆန္ဆ္တကြောင့် ချစ်မိ့သွားကြတယ်ပေါ့လေ ။ တရွာသားကိုရည်းစားထားရင်လွမ်းရတတ်တယ်ဆိုပေမဲ့ နောင်

တတရားကင်းမဲ့စွာနဲ့ သူ့ကိုကျွန်မချစ်ခဲ့မိ့တယ် ။ အေးချမ်းနေတဲ့ဒီမြို့လေးထဲမှာ ကျွန်မအတွက်နွေးထွေးစွာနဲ့ခိုလှုံ -

နိင်မဲ့ရင်ခွင်ဟာ သူပဲလို့သက်မှတ်ခဲ့မိ့တယ် ။ လှိုက်မောပျော်ရွှင်စရာကောင်းတဲ့ စကားခွန်ချိုတွေနဲ့အတူ မြေနီလမ်း

ကလေးမှာ လက်တွဲရင်လျှောက်ဖြစ်ခဲ့ကြတယ် ။ ပန်းပိတောက်ကိုမြတ်နိုးတဲ့သူက ကျွန်မချစ်တဲ့ချယ်ရီပန်းကလေးတွေ

ကိုလဲ တယုတယနဲ့ဆင်မြန်းပေးခဲ့တယ် ။ ရှမ်းပဲပုတ်ကိုခုံမင်နှစ်ချိုက်နေပြီဖြစ်တဲ့သူ့ကို မောတို့တိုင်းကအပြာလွင့်လွင့်

တောင်တန်းကြီးတွေနဲ့ ပြန်မသွားနိင်တော့အောင်ကာစည်းထားချင်တယ် ။ ဗမာစကားကို ပီပီသသပြောတတ်ချင်တဲ့

ကျွန်မက သူ့ကိုလဲရှမ်းစကားတွေတတ်စေချင်တယ်လေ ။ ရိုးမတခွင်မှာပျံ့လွင့်နေတဲ့ ရှမ်းအိုးစည်းသံနဲ့လဲ သူ့ကို

ပျော်ဝင်နစ်မျောနေစေချင်ခဲ့တယ် ။ ဒါ ဒါပေမဲ့လေ ကံကြမ္မာမုန်းတိုင်းက ဘယ်လောက်ထိ့များရိုင်းအောင်တိုက်ခတ်

ခဲ့သလဲဆိုရင် . . .

************************************ ( ၂ ) ******************************************

ဘုရားသခင် ။ ဒါဟာ ကျွန်မအတွက်ကမ္ဘာပြိုတဲ့နေ့တနေ့ပါပဲ ။ တကယ့်ကိုဆိုးရွာစွာနဲ့ကမ္ဘာပြိုတဲ့ နေ့ပဲပေါ့ ။ မောင်

ကျွန်မချစ်တဲ့မောင်က ရာထူးတိုးနဲ့နယ်ပြောင်းရတော့မယ်တဲ့လေ ။ ကျွန်မအူလှိုက်သဲလှိုက်နဲ့ မောင့်ရင်ခွင်ထဲကိုတိုး

ပြီးငိုကြွေးနေမိ့တယ် ။ ပြီးတော့မောင်က သူနဲ့အပြီးလိုက်ခဲ့ဖို့ရွှေနားတော်သွင်းချစ်ခြင်းစကားဆိုတယ် ။

“ မောင် ကျွန်မအေးချမ်းပြီးနေသားကျနေတဲ့ဒီမြို့လေးကို ခွဲမသွားချင်ဘူး ပြီးတော့ အလွမ်းရောင်သန်းနေ

တဲ့တောင်တန်းကြီးတွေကိုလဲ ထားမပစ်ခဲ့ချင်ဘူးမောင်ရယ် ကျွန်မလေ ဒီမြို့လေးထဲမှာပဲဒီတောင်တန်းတွေနဲ့အတူ -

မောင်နဲ့နေချင်တာပဲသိ့တယ် ”

“ မောင့်ကိုနားလည်ပေးပါနန်းရယ် မောင်လဲနန်းနဲ့အတူ အေးချမ်းနေတဲ့ဒီမြို့လေးကိုခွဲမသွားချင်ပါဘူး ဒါ

ဒါပေမဲ့နန်းရယ် ”

မောင့်နှုတ်ဖျားဆီက နောက်ထပ်စကားပွင့်တွေကြွေကျမလာတော့ပဲ ကျွန်မနဖူးပြင်ဗဟိုအလည်တည့်တည့်ကို အနမ်း

ဖွဖွလေးနဲ့ အလွမ်းအတွက်ပုံဖော်ထုဆစ်နေတဲ့မောင့်ကိုကြည့်ပြီး စွန့်အစွာပဲငိုကြွေးနေမိ့တယ် ။ စိတ်ထဲမှာတော့ -

ကျွန်မမျက်ရည်တွေကို ငဲ့ညှာပါအုံးမောင်ရယ်လို့သာ ပြောနေမိ့တော့တာပေါ့ ။

************************************* ( ၃ ) ******************************************

မောင်ရေ မောင်ရှိတဲ့နေ၇ာလေးကိုမှန်းပြီး ကျွန်မမျှော်နေခဲ့ပါတယ် ။ စာမလာသတင်းမကြားနဲ့ ရက်တွေသာတ

ရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပေမဲ့ ကျွန်မဆီကိုမောင်ပြန်မလာခဲ့ဘူး ။ အလွမ်းတွေအတွက် အကန့်အသက်မရှိလက်ချိုးရေ

နေတဲ့ကျွန်မဘ၀အတွက် အခိုက်အတန့်ကလေးပဲဖြစ်ဖြစ်သတိ့ရလိုက်မိ့ပါအုံးလား ။ အခုကျွန်မလေ မောင့်ကိုလွမ်းလို့

ငိုနေမိ့တယ် ။ ကျွန်မကိုယ်တိုင်ချွေမချပေမဲ့ အလိုလိုကြွေကျနေတဲ့ကျွန်မမျက်ရည်စက်တိုင်းသာ ပန်းတပွင့်ဆီဖြစ်ခဲ့

မယ်ဆိုရင် အခုဆိုအလွမ်းရောင်သန်းနေတဲ့ပန်းတောင်တန်းကြီးဖြစ်နေလောက်ပြီပေါ့ ။ မောင်ရယ် ကျွန်မမျက်ရည်

နဲ့ဖန်စင်ထားတဲ့ ဒီပန်းတောင်တန်းကြီးကို မောင်မမြင်ခဲ့မိ့ဘူးဆိုရင်တောင်မှ ဟိုးးးးးး အဝေးမှာမြူတွေရစ်ဆိုင်းနေတဲ့

တောင်တန်းကြီးတွေငိုချတဲ့အချိန်ကြရင် နန်းရှိတဲ့အရပ်ကိုမောင်ပြန်လာမှာပါနော် ။ ကျွန်မအဲဒီလိုပဲယုံကြည်နေပါရစေ

တော့မောင်ရယ် ။

ကျွန်မ ဘာကိုမှဆက်မတွေးတော့ပဲ တိုးထွက်လာတဲ့မျက်ရည်စတွေနဲ့ မောင်ရှိမဲ့အရပ်ကိုမျှော်ကြည့်နေတဆဲပါပဲ ။

= အနုပညာဖန်တီးမှု့တခုသာ ဖြစ်ပါသည် ။။

နှလုံးသားဖြင့်ရင်း၍ - ( မင်းဆက်ဆက်ခ )

ကြည်သူဦးရေ: 60

အမျိုးအစား: ၀တ္တုတို

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် မြို့တော်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း ရွှေမြို့တော် တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

ရွှေမြို့တော်သို့အဖွဲ့ဝင်မယ်

10:51amမှာဒီဇင်ဘာလ 11, 2011 တွင် kyawsanwin မှရေးခဲ့သောမှတ်ချက်

အရမ်းကောင်းပါတယ်....နောက်ဒါထက်ကောင်းတာလေးတွေတင်နိုင်ပါစေ..............သနားမိပါတယ်

5:40pmမှာနိုဝင်ဘာလ 24, 2011 တွင် ပြည်ချစ်ဟန် မှရေးခဲ့သောမှတ်ချက်

ခခခ ဆိုတဲ့မောင်ရယ်။ ကိုယ်မကြုံဘူး မရောက်ဘူး မမြင်ဘူးဘဲနဲ့တောင် ပ၇ိတ်သတ်ကို ရင်ကွဲနာကျအောင် ရေးတတ် တယ်နော်။ အကယ်၍များ မောင်ကြုံခဲ့ရတဲ့ အသည်းကွဲဇာတ်လမ်းလေးတွေများ တင်ပြခဲ့မယ်ဆိုရင် အခုခေတ်စားနေတဲ့ ပွဲစားတွေလိုမျိုး ချစ်သူရွာကမောင့် ပရိတ်သတ်တွေကိုယ်စား နနန နန နန် နန့် နန်းးးး သာ ပိုးစိုးပက်စက် ပိုးလို့ပက်လက် ဆောက် တည်ရာမဲ့ ၀က်ဝက်ကွဲသာ ချုံးပွဲချ ရင်ထုမနာ ဧဧဧဧယဉ်ကျုး လိုက်ပါတော့မယ် မောင်ဆိုတဲ့ နနနနန်းရင်ထဲက ခခရယ်။။။။

8:33pmမှာနိုဝင်ဘာလ 21, 2011 တွင် မ..မ မှရေးခဲ့သောမှတ်ချက်
အလွမ်းရောင်သန်းနေတဲ့ရှမ်းတောင်တန်းကြီးကို မြင်တွေ့လိုက်ရပါတယ်....
7:52pmမှာနိုဝင်ဘာလ 21, 2011 တွင် နေမင်းခိုင် မှရေးခဲ့သောမှတ်ချက်

တစ်နေ့ပြန်လာခဲ့မှာပေါ့ နန်းရယ်......

7:32pmမှာနိုဝင်ဘာလ 21, 2011 တွင် +++ရွှေမြို့သူ+++ မှရေးခဲ့သောမှတ်ချက်

နာတောင်လွမ်းချင်လာပီ

4:48pmမှာနိုဝင်ဘာလ 21, 2011 တွင် အံ့ဖွယ်သစ် မှရေးခဲ့သောမှတ်ချက်

i like this

4:47pmမှာနိုဝင်ဘာလ 21, 2011 တွင် အံ့ဖွယ်သစ် မှရေးခဲ့သောမှတ်ချက်

ko min sat cow dal byar nout sat bat chil taa dal

2:21pmမှာနိုဝင်ဘာလ 21, 2011 တွင် ဂူးဂူး မှရေးခဲ့သောမှတ်ချက်

ငါတောင်လွမ်းချင်လာပြီ

12:42pmမှာနိုဝင်ဘာလ 21, 2011 တွင် smilelay မှရေးခဲ့သောမှတ်ချက်

အဟင့် လွမ်းတောင်လွမ်းချင်လာပီ
လွမ်းရမယ့်သူကလည်း အဟိ

11:15amမှာနိုဝင်ဘာလ 21, 2011 တွင် Apollo မှရေးခဲ့သောမှတ်ချက်

ကောင်းတယ်ဗျာ အားပေးနေပါတယ်။

© 2014   Created by Ko Nyein.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service